မေးခွန်းက ကျယ်ပြန့်ပါတယ်။ မေးတဲ့လူကလည်း တော်တော်မေးတတ်တယ်လို့ ပြောချင်တယ်။ လိုရင်းကို ပြောရရင်တော့ Environment ဆိုတာ ကိုယ်ထိန်းနိုင်တာနဲ့ ကိုယ်မထိန်းနိုင်တာ နှစ်ခုရှိတယ်။ ထပ်ရှင်းပြရရင် ကိုယ်ထိန်းနိုင်တဲ့ (I.E) Internal Environment နဲ့ မထိန်းနိုင်တဲ့ (E.E) External Environment မျိုးပေါ့။ ဥပမာ- ကုမ္ပဏီရဲ့ ငွေကြေးက I.E ဖြစ်ပြီးတော့ နည်းပညာမျိုးက E.E ပေါ့။ I.E Change တွေကို ကုမ္ပဏီချမှတ်ထားတဲ့ စည်းကမ်းဘောင်ထဲက ထိန်းနိုင်ပေမဲ့ EE Change ကတော့ လွှတ်ပေးလိုက်ရတာမျိုး ရှိတတ်ပါတယ်။ ဒါမှ ကုမ္ပဏီလုပ်ငန်း တိုးတက်မှာကိုး။
Management ကတော့ ကျယ်ဝန်းလှပါတယ်။ Management Quadrille ဆိုတဲ့ စီမံခန့်ခွဲမှုလေးမျိုးကတော့ ကိုယ့်ကုမ္ပဏီမှာ တစ်မျိုးမျိုးနဲ့တော့ 'ပိ' နေမှာပဲ။ တစ်ခုအရေးကြီးတာက Management ကို ကိုင်တွယ်လုပ်ဆောင်နေတဲ့ သူ့ရဲ့ စဉ်းစားတွေးခေါ်ကောင်းမှု၊ လေ့လာရေး ထိရောက်မှု၊ အတွေ့အကြုံကောင်းများရှိမှု၊ ပတ်ဝန်းကျင်အခြေအနေကို လေ့လာနိုင်မှု၊ နိုင်ငံတကာပညာရပ်တွေကို ကိုယ့်ကုမ္ပဏီနဲ့ လိုက်လျောညီထွေစွာ Adaptation ကောင်းမှုအပေါ် မူတည်ပြီး Management Change ဖြစ် သွားနိုင်ပါတယ်။
Work Style တို့၊ Personal တို့ဆိုတာလည်း လုပ်ဆောင်သူတို့ရဲ့ အရည်အသွေးပေါ် မူတည်ပါတယ်။ ဥပမာ- ကုမ္ပဏီမှာ Proactive ဖြစ်သူတို့က Work Style ကောင်းပြီး Reactive ဖြစ်သူက Work Style ဆိုးနေမှာပဲ။ Personal ပိုင်းမှာတော့ အထိန်းရခက်ခဲဆုံးက တစ်ဦးနဲ့တစ်ဦး Personal Clash ဖြစ်ကြပြီး လုပ်ငန်းတွင်း Comflict ဖြစ်သွားကြကာ တစ်ဌာနနဲ့ တစ်ဌာန လုပ်ငန်းကဖျက်ယဖျက် (Thwat) ဖြစ်သွားကြတာပဲ။
ခြုံပြောရရင် ကုမ္ပဏီအဆိုးကနေ အကောင်းဘက်ကို ရွှေ့ဖို့ဆိုတာက လုပ်ဆောင်သူတစ်ဦးချင်း (လူ) တွေရဲ့ Attitude ပေါ် မူတည်နေပါတယ်။
ရဲမြင့် (စွန့်ဦးတီထွင်)