ရှမ်းအစားအစာတွေ စုံစုံလင်လင်ရနိုင်တဲ့နေရာလေးတစ်ခုကို မိတ်ဆက် ပေးချင်ပါတယ်။ ရှမ်းအစားအစာတွေကို ရှမ်းရိုးရာဓလေ့အတိုင်း ပြင်ဆင်ရောင်းချနေတဲ့ ရှမ်းရိုးရာ စားသောက်ဆိုင် လေးဖြစ်ပါတယ်။ ဆိုင်တည်နေရာ အမှတ် ၁၆၉၊ ဝါးတန်းလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန် မြို့ဖြစ်ပြီး ဖုန်းနံပါတ်တွေကတော့ ၀၁-၂၂၁၅၂၄ ကို ဆက် သွယ်နိုင်ပါတယ်။ ဆိုင်စဖွင့်တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန် ဇွန်လ ၁၈ ရက်နေ့က စတင်ဖွင့်လှစ်တာခဲ့တာဖြစ်ပြီး ဆိုင် ဖွင့်ချိန်ကတော့ နံနက် ၆ နာရီကနေ ည ၁၀ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ ဆိုင်နာမည်ပေးဖြစ်ပုံ ရန်ကုန်မှာ ရှမ်းဆိုင်ကြီးကြီးမားမား သိပ်မရှိသေးတဲ့အပြင် ကိုယ့်ဆိုင်ကရှမ်းဆိုင်၊ ရှမ်းအစားအစာတွေကို ရှမ်းရိုးရာဓလေ့ အတိုင်း ပြင်ဆင်ထားတာလည်း ဖြစ်တာကြောင့် ခေါ်ရလွယ် တဲ့ ရှမ်းရိုးရာလို့ နာမည်ပေးဖြစ်တာဖြစ်တယ်လို့ သိရပါ တယ်။ ဆိုင်အပြင်အဆင်ပိုင်း ရှမ်းရိုးရာစားသောက်ဆိုင် အဆောက်အအုံဟာ နှစ်ပေါင်း တစ်ရာသက်တမ်းရှိတဲ့ ကိုလိုနီခေတ်အဆောက်အအုံ ဖြစ်ပါ တယ်။ မူလပုံစံမပျက် ရှမ်းလူမျိုးဗိသုကာပညာရှင်တွေက မြန်မာနိုင်ငံရဲ့ သစ်တောထွက်မြန်မာ့ရတနာ သစ်တွေ၊ ဝါး၊ ကြိမ် စတာတွေနဲ့ ရှမ်းအဆောက်အအုံတွေရဲ့ ရိုးရာအငွေ့အ သက်တွေ ပေးစွမ်းနိုင်အောင် ဖန်တီးထားတာကို တွေ့ရပါ တယ်။ ရှမ်းစော်ဘွားတွေနေခဲ့တဲ့ပုံအတိုင်း ပြင်ဆင်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ရနိုင်တဲ့Menu များ နံနက်စာ၊ နေ့လည်စာ၊ ညစာ၊ ကော်ဖီနဲ့အအေးတို့ကိုရှိနိုင် ပါတယ်။ ရှမ်းတို့ရဲ့ အထူးဟင်းလျာတွေဖြစ်တဲ့ ဆခုံ၊ ဆ တာလု၊ သီပေါငါးကြင်းမြီးချက်၊ ဝက်သားခြောက်၊ အမဲ ခြောက်၊ ခရုချက်၊ ငါးခူချဉ်စော်ခါးသီးချက်၊ ငါးဒုက္ခ (ကက္ကတစ်)၊ မျစ်ဒုက္ခ၊ ကက္ကတစ် မန်ကျည်းသီးဆော့၊တို့ဟူး မုန်ညင်းချဉ်ကြော်၊ ငှက်ပျောဖူး ဝက်သားချက် (အင်းလေး) စတာတွေအပြင် တခြားMenu တွေကို ရရှိနိုင်ပါ တယ်။ ဟင်းချို၊ အသုပ်တွေအပြင်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ရှမ်း ဟင်းလျာတွေဖြစ်တဲ့ ကက္ကတစ်ငါးထောင်း၊ ငှက်ပျောဖူး ထောင်း၊ ပိန္နဲသီးထောင်းနဲ့ အပေါင်းတွေဖြစ်တဲ့ ငါးအုံး၊ ဝက်သားအုံး၊ မှိုအုံး၊ မုန်ညင်းပေါင်း၊ ကြက်သားအုံး စတာ တွေဟာ ရှမ်းရိုးရာဆိုင်ရဲ့ လူကြိုက်များတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အဓိကဟင်းလျာတွေကတော့ ဝက်သား၊ကြက် သား၊ ကက္ကတစ်၊ ငါးရံ့၊ ငါးခူ၊ ကင်းမွန်၊ ပြည်ကြီးငါး၊ ကဏန်း၊ ဂုံး၊ အသီးအရွက်အမျိုးမျိုး စတာတွေ ရရှိနိုင်ပါ တယ်။ ဒါ့အပြင် Pasta တွေကိုလည်း ရှမ်းစတိုင်လ်နဲ့ မှာ ယူစားသုံးလို့ ရပါတယ်။ ရာသီပေါ်အသီးအနှံတွေနဲ့ဖျော်ထား တဲ့ Fresh Juice တွေ၊ ရိုးရာဖျော်ရည်ဖြစ်တဲ့ ချဉ်စော်ခါးသီး ဖျော်ရည် စတာတွေအပြင် အခြားဖျော်ရည်တွေကိုလည်းရရှိ နိုင်ပါတယ်။ ထူးခြားချက် ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ မီးဖိုခန်းကို လှမ်းမြင်တွေ့နိုင်အောင် ဆောက်လုပ်ထားပါတယ်။ ဒါဟာ စားသုံးသူတွေကို စား သောက်ဆိုင်လုပ်ငန်းရဲ့ အဓိကအခရာကျလှတဲ့ သန့်ရှင်း လတ်ဆတ်မှု၊ ကျန်းမာရေးနဲ့ ညီညွတ်မှုအတွက် ဘယ်လိုချက် ပြုတ်ဆောင်ရွက်နေတာကို ထူးခြားမှုအနေနဲ့ မြင်တွေ့စေနိုင် အောင် ဆောက်လုပ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။ စား သုံးသူတွေရဲ့ ကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေမယ့် မသန့်ရှင်းတဲ့ စားသောက်ကုန်၊ ဟင်းချိုမှုန့်တွေ မပါဝင် အောင် စီစဉ်ထားရှိပါတယ်။ ကျယ်ဝန်းတဲ့ကားရပ်နားနိုင်တဲ့ နေရာအပြင် ဘားကောင်တာလည်း ထားရှိပါတယ်။ နိုင်ငံ ခြားသားခရီးသွားဧည့်သည်တွေအတွက် အထူး Set Menu တွေ ရရှိနိုင်ပါတယ်။ ဝန်ဆောင်မှုပိုင်း အပေါ်ထပ်အခန်းတွေကို အစည်းအဝေးအခန်းတွေ လုပ်ပေး ထားပြီး ကုမ္ပဏီပွဲ၊ တွေ့ဆုံပွဲ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲ၊သတင်း စာရှင်းလင်းပွဲ၊ မွေးနေ့ စတဲ့ပွဲတွေအတွက် စိတ်တိုင်းကျ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ တစ်ပြိုင်နက် ဧည့်ပရိသတ် ၁၂၀ လောက် စားသောက်နိုင်တဲ့အထိ ကျယ်ဝန်းတဲ့ဆိုင် ဖြစ်ပါတယ်။ နီးစပ်ရာရုံးခန်းတွေကို တိုက်ရိုက်ပို့ဆောင်ပေး တဲ့ ဝန်ဆောင်မှုကို လုပ်ဆောင်ပေးနေပါတယ်။ ဈေးနှုန်းပိုင်း ဟင်းပွဲတစ်ပွဲကို အနည်းဆုံးကျပ် ၂၂၀၀ ကနေစတင်ပြီး ဟင်းပွဲအလိုက် ဈေးနှုန်းကွာခြားမှုရှိပါတယ်။ အနာဂတ်ရည်မှန်းချက် အဓိကလူသွားလူလာများတဲ့နေရာတွေဖြစ်တဲ့ ရုံးတွေနဲ့ Shopping Center တွေနားမှာ ဆိုင်နှစ်ဆိုင်လောက် တိုးချဲ့ ဖွင့်လှစ်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။