ရင်သွေးငယ်အာဟာရ သန္ဓေသားမှစ

ဒေါက်တာလှကြည်

မိမိရင်သွေးငယ် အာဟာရပြည့်ဝကျန်းမာစေရန် ကိုယ်ဝန်ဆောင်ချိန်တွင် မည်ကဲ့သို့သော အာဟာရဓာတ်များ စားသုံး သင့်သည်၊ မွေးဖွားပြီးချိန်တွင် မိခင်နို့အပြည့်အဝတိုက်ကျွေးပြီး မည်သို့ကျွေးမွေးဂရုစိုက်သင့်သည်ဆိုသော အကြောင်း အရာများနှင့် ပတ်သက်ပြီး အသေးစိတ်ဖော်ပြပေးထားသောကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအတွက် အထောက်အကူဖြစ်စေမည့် စာအုပ်တစ်အုပ်ဖြစ်သည်။ ဤစာအုပ်တွင်  မွေးစမှ ကလေးအသက်ခြောက်လအရွယ် အထိ မိခင်နို့တစ်မျိုးတည်းကိုသာ (သောက်ရေပင်မပါ) တိုက်ကျွေးသင့်ကြောင်း ဖတ်ရှုရသည်။ ကလေးတစ်ယောက် အာဟာရပြည့်ဝကျန်းမာပြီး ဉာဏ်ရည်ထက်မြက်စေရန် သန္ဓေသားအရွယ်ကတည်းက အာဟာရပြည့် ပြည့်၀၀ရရှိရန် လိုအပ်သည့်အတွက် မိခင်လောင်းများအနေဖြင့် မိမိ၏ရင်သွေးကို သန္ဓေသားဘဝကပင် အာဟာရပြည့်ဝစွာ ရရှိအောင် မည်သို့ပြုစုစောင့်ရှောက်ရမည်ဆိုသော အကြောင်းအရာများကို ဖတ်ရှုရမည်ဖြစ်သည်။ ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် အစားအစာစားသုံးသင့်သည့်ပုံစံ၊ မွေးစမှခြောက်လအထိ၊ ခြောက်လပြည့်ပြီးနောက် လမ်းလျောက် တတ်စအရွယ်နှင့် ရင်သွေးငယ်တို့၏ ဦးနှောက်ဖွံ့ဖြိုးစေဖို့ မည်သို့ကျွေးမွေးသင့်ပုံ၊ အာဟာရဓာတ်ချို့တဲ့ခြင်းကြောင့် ဖြစ်ပွားတတ်သည့်ရောဂါများ၊ မိခင်နို့တိုက်ကျွေးရန် ခက်ခဲစေသည့် အခြေအနေများ၊ ကလေးသူငယ်များတွင်ဖြစ်သည့် သံဓာတ်အာဟာရ ချို့တဲ့သွေးအားနည်းရောဂါစသဖြင့် အခန်းကဏ္ဍများခွဲကာ ဖော်ပြထားသည်ကို တွေ့ရ သည်။ ရင်သွေးငယ်လေးများ ကိုယ်အင်္ဂါကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ထက်မြက်စေရန် ကိုယ်ဝန်ဆောင်မိခင်လောင်းများ သာမက ဖခင်များပါ လက်စွဲဆောင်ထားသင့်သည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။ ဖြိုးဝေကို၏ မျက်နှာဖုံးဒီဇိုင်းဖြင့် တူဒေးစာအုပ်တိုက်က ပထမအကြိမ် ထုတ်ဝေသည်။ တန်ဖိုး-၂,၅၀၀ ကျပ်။