အိမ်မှာနေချိန်ဖတ်ဖို့ ဘီလ်ဂိတ်ညွှန်းန်းတဲ့ စာအုပ် ၅ အုပ်

ဘီလ်ဂိတ်က မကြာသေးခင်ကပဲ သူနှစ်စဉ်ဖတ်ရှုတဲ့စာအုပ်တွေထဲက စာအုပ်ငါးအုပ်ကို ယခုလိုကပ်ရောဂါကာလအတွင်း အိမ်တွင်းနေချိန် စိတ်အပန်းပြေရုံပြီးအကျိုးရှိစေဖို့ စာဖတ်သူတွေကို ညွှန်းပေးလိုက်ပါတယ်။ “ခုတလောအစည်းအဝေးတွေမှာ ကျွန်တော်ပြောဖြစ်တဲ့အကြောင်းအရာတွေက Covid-19 နဲ့ပတ်သက်တာတွေဖြစ်ပြီး ဒီ Covid ကာလမှာဘယ်လိုရပ်တည်မလဲ ဆိုတဲ့အကြောင်းအရာတွေပါပဲ” လို့ ဘီလ်ဂိတ်ကသူ့ရဲ့ဝက်ဘ်ဆိုဒ်မှာရေးထားပါတယ်။

ဘီလ်ဂိတ်နဲ့ သူ့ရဲ့မိန်းမမဲလင်ဒါတို့ဟာ သူတို့ဖောင်ဒေးရှင်းကနေတစ်ဆင့် Coronavirus ကိုရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက် ဒေါ်လာသန်းပေါင်းသုံးရာအထိ လှူဒါန်းထားပြီးပြီပဲဖြစ်ပါတယ်။ “ကျွန်တော့်ကို ဘာစာအုပ်တွေဖတ်လို့ ဘာတွေကိုစောင့် ကြည့်နေသလဲ” ဆိုတာကို မကြာခဏအမေးခံရပါတယ်။ဘီလျံနာစာကြမ်းပိုးဖြစ်သူ ဘီလ်ဂိတ်ဟာအပတ်တိုင်းမှာ အနည်းဆုံးစာအုပ်တစ်အုပ်ဖတ်ရှုလေ့ရှိသူပါ။ သူရွေးချယ်ပေးတဲ့စာအုပ်ထဲမှာ ကိုယ်တွေ့မှတ်တမ်းနဲ့ဆိုင်တဲ့ စာအုပ်နှစ်အုပ်ပါရှိပါတယ်။ တစ်အုပ်က Holo-caust Survivor တစ်ဖြစ်လဲ Psychologist ဖြစ်သူစာရေးဆရာမကြီး Dr. Edith Eva Eger ရဲ့စာအုပ်ဖြစ်ပြီး နောက်တစ်အုပ်ကတော့ Disney CEO Bob Iger ရဲ့ Disney မှာ လုပ်ကိုင်စဉ်အတွင်း ကြုံတွေ့ရတဲ့ကိုယ်တွေ့ မှတ်တမ်းအကြောင်းဖြစ်ပါတယ်။ ကပ်ရောဂါဆိုးကြီးအကြောင်း ပိုမိုလေ့လာချင်သူများအတွက် သမိုင်းပညာရှင်စာရေးဆရာကြီး John M.Barry ရဲ့ ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ဒ၁၉၁၈ ခုနှစ် ကမ္ဘာအနှံ့ဖြစ်ပွားတဲ့တုပ်ကွေးအကြောင်းကိုဖတ်ရှု ဖို့ ဘီလ်ဂိတ်က အကြံပေးထားပါတယ်။ အဲဒီစာအုပ်ဟာ ယခု Covid-19 အရေးအခင်းမှာ Bestseller စာရင်းဝင်ခဲ့ပါသေးတယ်။

၁။ The Choice by Dr. Edith Eva Eger

၁၆ နှစ်သမီးအရွယ်မှာ သူနဲ့သူ့မိသားစုဟာ Hungary ကနေ Auschwitz ကို ခေါ်ဆောင်သွားခြင်းခံရပါတယ်။ သူဟာအဲဒီနေရာကနေ ပြန်လည်လွတ်မြောက်လာပြီး အမေရိကကိုပြောင်းရွှေ့ကာ ရောဂါကုထုံးဆရာဝန်မဖြစ်လာပါတယ်။ စာအုပ်ထဲမှာ သူရဲ့စကားမပြောနိုင်တဲ့ စိတ်ဒဏ်ရာကိုပြန်လည်ကုသနိုင်ဖို့ နည်းလမ်းရှာဖွေပုံနဲ့ သူကြုံတွေ့ရတဲ့အခက်အခဲပေါင်းစုံကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်လာပုံတွေကို ရေးသားထားပါတယ်။ ”အခက်အခဲတစ်စုံတစ်ရာနဲ့ ရင်ဆိုင်နေရတယ်ဆိုပါစို့။ အဲတာက ခင်ဗျားအတွက်ခက်ခက်ခဲခဲရင်ဆိုင်ရတဲ့ပြဿနာ ဖြစ်မှာပါ။ ကလေးဘဝကတည်းက ရောဂါဆိုးကြီးခံစားရသူ၊ Auschwitz ကနေ ပြန်လည်လွတ်မြောက်လာသူရဲ့ အတွေ့အကြုံနဲ့ယှဉ်ကြည့်ရင် ကိုယ်ကြုံတွေ့ရတဲ့ပြဿနာကပါးပါးလေးလို့ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ အခုခင်ဗျားရင်ဆိုင်ရတဲ့ပြဿနာကလည်း တကယ့်ပြဿနာကြီးပါ”လို့ ဘီလ်ဂိတ်က သူ့ရဲ့ Gates Note မှာရေးထားပါတယ်။ ”လက်ရှိ Covid-19 ဖြစ်ပွားနေတဲ့အချိန်မှာလူတိုင်းဟာမတူညီတဲ့ပြဿနာတွေနဲ့ရင်ဆိုင်နေရပြီး လူတိုင်းကအဲဒီစိတ်မျိုးထားဖို့ တကယ်ကိုအရေးကြီးပါတယ်”လို့လည်းရေးထားပါသေးတယ်။

၂။ Cloud Atlas by David Mitchell

ဒီစာအုပ်ထဲမှာ မတူညီတဲ့ဇာတ်ကောင်ခြောက်ယောက်ပါဝင်ပါတယ်။ ၂၀၀၀ ပြည့်နှစ်လန်ဒန်မှာနေတဲ့ အယ်ဒီတာတစ်ယောက်နဲ့ ၁၉၃၀ ပြည့်နှစ်ဘယ်လ်ဂျီယံမှာနေထိုင်တဲ့ ဂီတသမားလူငယ်တစ်ယောက်တို့ကအချိန်နဲ့အာကာသကိုဖြတ်ကျော်ပြီး လူတွေကြားမှာရှိတဲ့တူညီမှုတွေ (Commonalities) ကိုလိုက်လံရှာဖွေတဲ့အကြောင်းကို စိတ်ကူးယဉ်သိပ္ပံဆန်ဆန်ရေးသားထားတဲ့ဝတ္ထု ဖြစ်ပါတယ်။ “လူ့သဘာဝနဲ့လူ့တန်ဖိုးဆိုတာနှစ်တွေထောင်ချီကြာနေပါစေ ပြောင်းလဲတာကပြောင်းလဲပြီး မပြောင်းလဲတဲ့အရာကမပြောင်းလဲဘဲရှိနေပါတယ်။ ဒါက လူသားရဲ့ကြီးကျယ်ခမ်းနားမှုတစ်ရပ်ကိုဖွင့်ဆိုဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပါ” လို့ဘီလ်ဂိတ်ကညွှန်းထားပါတယ်။ ဒီဝတ္ထုကို ၂၀၀၄ ခုနှစ်မှာ ထုတ်ဝေခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ရုပ်ရှင်မင်းသားကြီး Tom Hanks နဲ့မင်းသမီးကြီး Halle Berry တို့က ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်အသက်သွင်းရိုက်ကူးထားပါတယ်။

၃။ Ther Ride of a Life Time by Bob Iger

ဘီလ်ဂိတ်ကိုယ်တိုင်က စီးပွားရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေမဖတ်ဘူးလို့ပြောပေမယ့် ဒီစာအုပ်ကိုခြွင်းချက်အဖြစ်ထားပြီး Microsoft CEO ဖြစ်သူ Satya Nadella ကိုတောင်မှဖတ်ဖို့အကြံပေးပါသေးတယ်။ စာအုပ်ထဲမှာ Bob Iger ရဲ့ Disney ကိုတာဝန်ယူချိန် ၂၀၀၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလအထိ အကြောင်းအရာတွေကိုရေးထားပါတယ်။ Disney ရဲ့အသွင်ပြောင်းကာလ၊ Marvel Comic ဇာတ်ကောင်တွေကို ဒေါ်လာ ၄.၁ သန်းနဲ့ဝယ်ယူတာတွေနဲ့ Star Wars ရဲ့ Lucasfilm ကိုဒေါ်လာ ၄.၁ သန်းနဲ့ ဝယ်ယူတာတွေ စတဲ့အကြောင်းအရာတွေ အများကြီးပါဝင်ပါတယ်။ ဘီလ်ဂိတ်က” စီးပွားရေးလုပ်ငန်းတစ်ခုကိုအတွင်းကျကျလေ့လာချင်သူတွေ၊ ဒါမှမဟုတ် ရိုးသားနှိမ့်ချတဲ့လူငယ်တစ်ယောက်က စီးပွားရေးကုမ္ပဏီကြီးတွေကို အောင်မြင်အောင်လှေကားထိုးတင်ပေးတဲ့အကြောင်းအရာတွေရေးထားတဲ့ ဒီစာအုပ်ကိုဘယ်သူမဆိုဖတ်ရတာ ကြိုက်နှစ်သက်ကြမယ်လို့ထင်ပါတယ်”လို့ဆိုပါတယ်။

၄။ The Great Influenza by John Barry

၂၀၀၄ ခုနှစ် New York Times ရဲ့ Best Seller စာအုပ်တစ်အုပ်ဖြစ်ပြီး ၁၉၂၈ ခုနှစ်တုပ်ကွေးရောဂါနဲ့ ယခုဖြစ်ပွားနေတဲ့ Covid-19 ကပ်ရောဂါကို ချိန်ထိုးလို့ကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းတွေရဲ့ အတုယူစရာကောင်းတဲ့အမူအကျင့်တွေလည်းပါရှိပါတယ်။ ” ယခုခါ ကျွန်တော်တို့မှာရောဂါကုထုံး၊ ဖြေဆေးတွေတီထွင်ဖော်ထုတ်ဖို့ ကိရိယာတန်ဆာပလာအစုံအလင်ရှိပါတယ်။ ဒါပေမဲ့ သိပ္ပံပညာကကျွန်တော်တို့ မျော်မှန်းထားတာထက်ပိုပြီးနောက်ကျနေပါတယ်။ ကပ်ရောဂါကြီးကို အဆုံးသတ်နိုင်ဖို့ဆိုရင် ဒီထက်ပိုခေတ်မီတဲ့ သိပ္ပံပညာရပ်တွေလိုအပ်ပါတယ်” လို့ဘီလျံနာကြီးက ရေးထားပါတယ်။ ” ဒီနေရာမှာနိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုပ်နိုင်စွမ်းတွေလည်းအများကြီးလိုပါတယ်။ အထူးသဖြင့် Social Distancing တွေလုပ်ဖို့ကို တွန်းအားပေးရမှာဖြစ်ပြီး လက်ရှိဖြစ်ပွားနေတဲ့ရောဂါကပ်ဆိုးကြီးကို သိပ္ပံနည်းကျကျအမီလိုက်ဖြေရှင်းနိုင်အောင်အသေအချာလုပ်သင့်ပါတယ်” လို့ရေးသားထားပါတယ်။

၅။ Good Economics for Hard Times by Abgijit V. Banerjee And Esther Duflo

နိုဘယ်ဆုရှင်ဖြစ်သူစီးပွားရေးပညာရှင် ရေးသားထားတဲ့ ၂၀၁၉ ခုနှစ်ထုတ် ဒီစာအုပ်ထဲမှာ အမေရိကအပါအဝင်ချမ်းသာတဲ့နိုင်ငံတွေရဲ့ ပေါ်လစီတွေကိုဆွေးနွေးထားပါ တယ်။ Immigration ၊ Inequality နဲ့ ကူးသန်းရောင်းဝယ်ရေးစတဲ့ အကြောင်းအရာတွေအပေါ် လင်မယားနှစ်ယောက်သားငြင်းခုံဆွေးနွေးတဲ့ပုံစံနဲ့ရေးသားထားပါတယ်။ စာဖတ်သူအနေနဲ့ ဒီအရေးကိစ္စတွေနဲ့ပတ်သက်ပြီး အခြေခံမသိရှိရင်တောင်မှ နားလည်လွယ်အောင်ရေးထားတဲ့စာအုပ်ဖြစ်တယ်လို့ ဘီလ်ဂိတ်က ညွှန်းဆိုထားပါတယ်။ ” Banerjee နဲ့ Duflo က Human Dynamics ကိုအချက်အလက်ပေါင်းများစွာနဲ့အကျယ်ချဲ့ပြီး မြင်သာအောင်ဖွင့်ဆိုပြသထားပါတယ်။ သူတို့ရှာဖွေပြောဆိုထားတာက ခက်ခဲနက်နဲတဲ့သိပ္ပံဘာသာရပ်အကြောင်းတွေ မဟုတ်ဘဲနဲ့ အများစုကအသုံးဝင်ပြီး လူကိုဆွဲဆောင်ဖမ်းစားထားနိုင်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်” လို့ ဘီလျံနာကြီးကသူ့ရဲ့စာအုပ်အညွှန်းမှာရေးထားပါတယ်။