မူလတန်းကြိုဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းပြုလုပ်

Baby Mild ကနေစီစဉ်ကာ လူမှုဝန်ထမ်းဦးစီးဌာနမှကျောင်းအုပ်ဆရာမကြီးများနဲ့ Kids Garden မှ ဆရာဆရာမများမှ မူလတန်းကြိုဆရာ၊ ဆရာမများအား သင်ကြားရေးအထောက်အကူ ပြုမွမ်းမံသင်တန်းပေးပွဲကို စက်တင်ဘာလ ၂၁ ရက်နေ့က International Business Centre မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ လူမှုဝန်ထမ်းဦးစီးဌာနမှမူလတန်းကြိုကျောင်း ၂၈ ကျောင်းနဲ့ ပြင်ပပုဂ္ဂလိကမူကြိုကျောင်း ၇၂ ကျောင်းမှ ဆရာ၊ဆရာမများတက်ရောက်ခဲ့ကြပါတယ်။ အနာဂတ်လူငယ်လေးတွေရဲ့ First Teacher ဖြစ်တဲ့ဆရာ၊ ဆရာမတွေရဲ့အခန်းကဏ္ဍဟာ လူငယ်လေးတွေအတွက် အင်မတန်အရေးကြီးတဲ့အတွက် ဒီလို သင်တန်းမျိုး စီစဉ်ပေးခြင်းဖြစ်ကြောင်း Baby Mild ရဲ့ Product Manager ဒေါ်ထင်လင်းငယ်က ပြောကြားခဲ့ပါတယ်။ article landscape wartermark final5 article landscape wartermark final4 article landscape wartermark final3 article landscape wartermark final2 article portrait watermark final8