Arizona ကုမ္ပဏီတစ်ခုဖြစ်တဲ့ World View Enterprises of Tuscon က အာကာသခရီးသွားလုပ်ငန်း မီးပုံးပျံတစ်ခုကို လူစီးနင်းလိုက်ပါနိုင်တဲ့နေရာပါ တစ်ပါတည်းချိတ်တွဲပြီး စမ်းသပ်လွှတ်ကြည့်တာ အောင်မြင်တယ်လို့ သိရပါတယ်။ ဒီလိုအောင်မြင်တဲ့အတွက် နောက်ပိုင်းမှာ အာကာသထဲ အပျော် ခရီးသွားကြမယ့်သူတွေဟာ အဲဒီလို မီးပုံးပျံ စီးပြီး ကမ္ဘာမြေပြင်အထက် မိုင် ၂၀ လောက် အထိ တက်ရောက်ပျံသန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အခုစမ်းသပ်မှုမှာတော့ ပေပေါင်း ၁၂၀, ၀၀၀ အမြင့်ထိပဲ ရောက်နိုင် တယ်။ ခရီးသည်တွေ တကယ်တင်ပြီး ပျံ သန်းမယ့် မီးပုံးပျံရဲ့ သုံးပုံတစ်ပုံအရွယ်အ စားပဲ ရှိပါတယ်။ တင်နိုင်တဲ့အလေးချိန်ရဲ့ ဆယ်ပုံတစ်ပုံပဲ စမ်းသပ်ထားတာ ဖြစ်တယ်။ ၂၀၁၆ ခုနှစ်ထဲမှာ တကယ်ပျံသန်းတဲ့အခါ လူတစ်ယောက် ဒေါ်လာ ၇၅, ၀၀၀ အခ ကြေးငွေယူမှာ ဖြစ်ပါတယ်။ ခရီးသည်ခြောက် ယောက်နဲ့ မီးပုံးပျံ ဝန်ထမ်းနှစ်ယောက်ပါ မှာ ဖြစ်ပါတယ်။ မြေပြင်အထက် မိုင် ၂၀ မှာ နှစ်နာရီကြာမယ်။ လူနေတဲ့နေရာကပဲ လမ်းလေးဘာလေး လျောက်လို့ရတယ်လို့ သိရပြီး အဲဒီအပေါ်ကနေ ကမ္ဘာမြေကြီးပုံကို အလုံးလိုက် မြင်ရမှာဖြစ်ပါတယ်။
Ref: AP