လုပ်ငန်းခွင်တစ်ခုမှာ မရှိမဖြစ်တဲ့ဝန်ထမ်းနှစ်ယောက်ဟာ အချင်းချင်း မသင့်မမြတ်ဖြစ်နေရင် သူတို့ပြန်လည် သင့်မြတ် အောင် ဘယ်လိုလုပ်ပေးသင့်ပါသလဲ။ အဲဒီဝန်ထမ်းနှစ်ယောက်က လုပ်ငန်းခွင်မှာ Key Person တွေလည်းဖြစ်၊ တစ်နည်းပြောရရင် ကုမ္ပဏီအတွက် A Playerတွေဖြစ်နေတော့ သူတို့အချင်းချင်း မသင့်မမြတ် ဖြစ်နေရင် အဲဒီကုမ္ပဏီ 'နာ' မှာ အမှန်ပဲ။ သူတို့ပြန်လည်သင့်မြတ်အောင် ဘယ်လိုလုပ်ပေး သင့်သလဲလို့ အဖြေထုတ်ရရင် (ဖတ်ရလွယ်အောင်) အောက် ပါအချက်တွေကို ထည့်သွင်းစဉ်းစား လုပ်ဆောင်သင့်တယ် လို့ ပြောချင်တယ်။ (၁) ပထမဦးဆုံး သူတို့နှစ်ယောက်ဟာ ဝိရောဓိ (Contra- diction) အသွင်ဆောင်နေကြပြီလား။ ဒါမှမဟုတ် ပဋိပက္ခ (Antagonism) အသွင် ဆောင်သွားပြီလားဆိုတာ ဆန်းစစ်ဖို့ လိုမယ်။ (၂) တကယ်လို့ သူတို့အတွေးအခေါ်တွေက ဝိရောဓိအသွင် ဆောင်နေရင် နည်းနည်းရှင်းရလွယ်တယ်။ သိပ်မခက် ဘူးပေါ့။ (၃) အဲ... ပဋိပက္ခအသွင် ဆောင်သွားရင် တော့ နည်းနည်း 'ကျပ်' လိမ့်မယ်။ ဘာ ဖြစ်လို့လဲဆိုတော့ တစ်ယောက်လုပ်တာ ကို တစ်ယောက်က 'ကဖျက်ယဖျက်' } (Thwart) လုပ်ကြတော့မယ်လေ။ ဒီတော့ ကုမ္ပဏီ 'နာ' ပြီပေါ့။ (၄) အရေးကြီးတာကConflictလို့မြင်ပြီဆိုတာနဲ့ Causes of Conflictကို ရှာရတော့မယ်။ စာအုပ်ကြီးအတိုင်း ပြောရရင်တော့Conflict ဖြစ်ရတာ အကြောင်းရင်း ခြောက်ခု ရှိတယ်။ အဲဒါတွေက - ၁။ အရင်းအမြစ်ရှားပါးလို့။ ၂။ မရေရာမသေချာတဲ့ ဆုံးဖြတ်ချက်ချမိလို့။ ၃။ ဆက်သွယ်မှုပြတ်တောက်လို့။ ၄။ ပုဂ္ဂိုလ်ရေးရာ တိုက်ခိုက်မှုရှိလို့။ ၅။ လုပ်ပိုင်ခွင့် အဆင့်ကွာခြားလို့။ ၆။ ရည်မှန်းချက်ပန်းတိုင် မတူလို့။ (၅) ဘယ်အချက်နဲ့ အကျုံးဝင်တယ်ဆိုတာ ဆန်းစစ်လေ့ လာပြီး အချိန်မီ၊ 'ဂယ်ပေါက်' ကို ပိတ်ဖို့ လိုမယ်။ (ဘယ်လိုဘယ်ပုံ ပိတ်ရမယ်ဆိုတာကိုတော့ လူကြီးတွေ သိမှာပါ။ ရေးပြနေရင်လည်း ကျမ်းတစ်စောင် ပေတစ် ဖွဲ့ ဖြစ်သွားလိမ့်မယ်။) လက်တွေ့မှာ နံပါတ်လေး အ ချက်က ပိုအဖြစ်များကြပါတယ်။) (၆) မေးခွန်းရှင်တစ်ခု သတိပြုရမှာက rSmu Conflict ကနေ အကျိုးအမြတ် ရတာမျိုးလည်းရှိပါတယ်။ အဲဒါက သူတို့နှစ်ဦး မတည့်တော့ မဟုတ်တာတစ်ခုမှ မလုပ်ရဲ တော့ဘူး။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် Check ပြီးသားဖြစ်သလို နောက်တစ်ခုက ပြိုင်ကြ ဆိုင်ကြ ဆန့်ကျင်ကြရင်း ကုမ္ပဏီအတွက် ကောင်းမွန် တိုးတက်တဲ့အကြံအစည်တွေ၊ သူဦး ငါရင် ပေါ်လာ တတ်သဗျ။ (၇) နောက်ဆုံးအလေးအနက်ပြောချင်တာက Conflict ကို ကိုင်တွယ်ဖြေရှင်းတဲ့ Model ပုံစံရှိတယ်။ နှစ်ယောက် စလုံးက A Player တွေဆိုတော့ Compromise ဆိုတဲ့ နှစ်ဦးသဘောတူစေ့စပ်ပြေငြိမ်းအောင် ဖျန်ဖြေတဲ့ပုံစံက အကောင်းဆုံးပါပဲလို့ ပြောရမှာပဲ။ မှတ်ချက် ။ ။ ကုမ္ပဏီအတော်များများမှာ ဝန်ထမ်းအချင်း ချင်း မသင့်မမြတ်ဖြစ်ကြတာများလွန်းလို့ စုံစုံစေ့စေ့ ဖြေရတော့ နည်းနည်းရှည်သွား တာ နားလည်ပေးစေချင်ပါတယ်။
ရဲမြင့်(စွန့်ဦးတီထွင်)