ဖိုးစီတို့ အကြောင်း စာအုပ်မိတ်ဆက်

article people portrait water mark final မောင်ဒေး(မြန်မာပြန်) ဘာသာပြန်ထားပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းaဆာင်မင်းကိုနိုင် သရုပ်ဖော်ပန်းချီ ရေးဆွဲ ထားတဲ့ ဖိုးစီတို့အကြောင်း (ThePizh'duks) စာအုပ်မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်က ရန်ကုန်မြို့၊ ယောမင်းကြီးလမ်းရှိ Gallery 65 မှာပြုလုပ်ခဲ့ပါတယ်။ The Pizh'duks  လို့ အမည်ပေးထားတဲ့မူရင်း စာအုပ်ဟာ ချက်သမ္မတနိုင်ငံရဲ့သမ္မတ ဟောင်းတစ်ဦးဖြစ်တဲ့Vaclav Havel ရေး သားခဲ့တဲ့စာအုပ်တွေထဲက ဒုတိယမြောက် စာအုပ်ဖြစ်ပြီး ကွန်မြူနစ်စနစ်အကြောင်းကို ဝေဖန်ထောက်ပြထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မျက် နှာဖုံးပန်းချီနဲ့ သရုပ်ဖော်ပုံရေးဆွဲခဲ့တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်မင်းကိုနိုင် “ချက်သမ္မတ နိုင်ငံသံရုံးက အကူအညီတောင်းတာပါ။ကျွန်တော်ကတော့ ပြောတယ်၊ ကျွန်တော့်လက်ရာက တကယ့်အသက် မွေးဝမ်းကြောင်းပညာသည်တစ်ယောက်လက်ရာ ဖြစ်ချင်မှဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ဘက်က လုပ်ကြည့်ပါ လို့လည်း ပြောတယ်။ ကလေးတွေအတွက် ရည်ရွယ်ထားတယ်လို့ပြောပေမဲ့ တချို့အပိုင်းတွေကို သူတို့ရုတ် တရက် နားလည်ချင်မှ နားလည်လိမ့်မယ်။ စာအုပ်ထဲက အမှာစာ အရဆိုရင်တော့ အသက်ကြီးလာမှ ဖတ်ပါလို့ ပါတယ်။ နောက်ပြီး ဒီစာအုပ်က  Satire လို့ခေါ်တဲ့သရော်စာဖြစ်တဲ့အတွက် ကျွန်တော်က ဝမ်းသာအားရဆွဲဖို့ လည်း ဖတ်ကြည့်ပြီးမှ ဆုံးဖြတ်လိုက်တာပါ” လို့ ပြောပြခဲ့ပါတယ်။ ဖိုးစီတို့အကြောင်းစာအုပ်ကို စိတ်ကူးချိုချိုစာအုပ်တိုက်က ဖြန့်ချိထား ပြီး တန်ဖိုး ၁,၅၀၀ ကျပ်ဝန်းကျင် သတ် မှတ်ထားတယ်လို့ သိရပါတယ်။ article portrait watermark final   article landscape wartermark final2