လာမယ့် ဆယ်စုနှစ်အတွင်းမှာ ဖိလစ်ပိုင်စီးပွားရေး ၆ .၅ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းအကြား တိုးတက်မယ်

casino1 ဖိလစ်ပိုင်နိုင်ငံရဲ့ စီးပွားရေးဟာ လာ မယ့်ဆယ်စုနှစ်အတွင်းမှာ ၆.၇ ရာခိုင် နှုန်းနဲ့ ၇ ရာခိုင်နှုန်းအကြား ဆက် လက်တိုးတက်မယ်လို့ လန်ဒန်အခြေ အစိုက် Capital Economics    အဖွဲ့က ဆိုပါတယ်။ ယေဘုယျအားဖြင့် ဖိလစ်ပိုင်ရဲ့စီးပွားရေးဆက်လက် တိုးတက်မယ်ဆိုတာကို ယုံကြည်ပေ မယ့် ၂၀၁၆ ခုနှစ်မှာ နိုင်ငံရဲ့ခေါင်း ဆောင်အပြောင်းအလဲက ဖိလစ်ပိုင် အတွက် အဓိကပြဿနာဖြစ်လာနိုင် တယ်လို့ Capital Economics ရဲ့စီး ပွားရေးပညာရှင်   Gareth Leather က ဆိုပါတယ်။ ဖိလစ်ပိုင်ရဲ့စီးပွားရေးဟာ ပြီးခဲ့တဲ့နှစ်မှာ ၇.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ ပြီးဈေးကွက်နဲ့ အစိုးရရဲ့မျော်မှန်းချက် တွေကို ကျော်လွန်ခဲ့ပါတယ်။ အလုပ် အကိုင်ဖန်တီးမှုတွေ တိုးပွားလာပြီး  အလုပ်လုပ်နိုင်တဲ့အသက်အရွယ်ရှိတဲ့ လူဦးရေလျင်လျင်မြန်မြန် တိုးပွားလာ တာကလည်း နိုင်ငံရဲ့စီးပွားရေးတိုး တက်မှုအလားအလာကို မြင့်တက်စေ တာဖြစ်တယ်လို့ Leather က ဆိုပါ တယ်။