News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ပထမဆုံးအကြိမ်ကျင်းပမယ့် သြစတြေးလျပညာရေးပြပွဲ
Editorial
July 23, 2014
Local News
News
မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မယ့် သြစတြေးလျ-အတိုင်းအဆမရှိ ကျယ်ပြန့်သော အနာဂတ် ပညာရေးပြပွဲ၊ မြန်မာ ၂၀၁၄ ရဲ့စာနယ်ဇင်းရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်က ရန်ကုန်မြို့ရှိ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပညာရေးပြပွဲမှာ သြစတြေးလျနိုင်ငံရှိ Central Queensland University၊ Deakin University၊ Griffith Unversity အစရှိတဲ့ တက္ကသိုလ်နဲ့ ကောလိပ်ကျောင်းပေါင်း ၂၃ ခု ပါဝင်ပြသသွားဖို့ရှိပြီး မြန်မာနိုင်ငံရှိ ကျောင်းသူကျောင်းသားတွေ၊ မိဘတွေအနေနဲ့ သြစတြေးလျကျောင်းက ကျောင်းသားရေးရာအကြံပေးတွေနဲ့ နေထိုင်ပညာသင်ကြားနဲ့ပတ်သက်လို့ သိသင့်သိထိုက်တာတွေကို တိုက် ရိုက်ဆွေးနွေးခွင့်၊ သြစတြေးလျပညာရေးစနစ်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲ၊ ဗီဇာလျှောက်ထားဖို့ လိုအပ်ချက်နဲ့ လုပ်ငန်းစဉ်တွေ၊ တက္ကသိုလ်တွေရဲ့ Scolarship ပညာသင်ဆုလျှောက်ထားခွင့် အစရှိတဲ့ အစီအစဉ်တွေပါဝင် တယ်လို့ သိရပါတယ်။ သြစတြေးလျပညာရေးပွဲတော်ကို မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ Sule Shangri-La Hotel မှာ ကျင်းပသွားမှာဖြစ်ပြီး လက်ရှိသြစတြေးလျနိုင်ငံတွင် မြန်မာကျောင်းသူကျောင်းသားပေါင်း ငါးရာခန့် နှစ်စဉ် တက်ရောက်ရာမှာ Management & Commerce ဘာသာရပ်နဲ့ အင်ဂျင်နီယာဘာသာရပ်တွေကို ပိုမိုတက် ရောက်ကြတယ်လို့ သိရပါတယ်။ တခြားသံရုံးတွေကျင်းပခဲ့ဖူးတဲ့ ပညာရေးပွဲတော်တွေထက်နောက်မှ ပထမဆုံး အကြိမ်အဖြစ် သြစတြေးလျပညာရေးပွဲတော် ပြုလုပ်ရတာနဲ့ပတ်သက်လို့ သြစတြေးလျသံရုံးရဲ့ Trade Com-missioner ဖြစ်သူ Mr Mark Wood က ` Australian Trade Commission ဌာနခွဲက လွန်ခဲ့တဲ့တစ်နှစ် လောက်ကမှ ဖွင့်တာဖြစ်လို့ပါ။ အဲဒီအတွက်ကြောင့် ဒီပညာရေးပြပွဲကို ကြီးမှူးကျင်းပဖို့ အခွင့်အလမ်းတွေရတဲ့ အတွက် ကျွန်တော်တို့ Organization အနေနဲ့ သြစတြေးလျသံရုံးအောက်ကနေ ပထမဆုံးအနေနဲ့ ကျင်းပ ရတာဖြစ်ပါတယ်။ လက်ရှိသြစတြေးလျတက္ကသိုလ်တွေမှာ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံက Enrolment ကျောင်းသားပေါင်း နှစ်သောင်းခန့် တက်ရောက်လျှက်ရှိပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့လူမှုစီးပွားရေး ဖွံ့ဖြိုးတိုး တက်လာတာနဲ့အမျှ Icome Level မြင့်လာရင်တော့ အလားအလာကောင်းတွေ အများကြီးရှိတယ်´လို့ ပြောပြခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း