News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်သော ထူးချွန်ဆရာ ဗဟိုအဆင့်ချီးမြှင့်ပွဲ
Editorial
December 25, 2014
Local News
News
၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်းဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ပညာတန်ဆောင်နှင့် တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ ထူးချွန်ဆရာ ဗဟိုအဆင့် ချီးမြှင့်ပွဲမှာ ထူးချွန်ဆရာဆုရွေးချယ်ချီးမြှင့်ရေး ဦးစီးကော်မတီ ဥက္ကဌ ဆရာဦးသန်းဦးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါတယ်။ ပွဲမှာ တော်ဝင်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းဥက္ကဌ၊ ထူးချွန်ဆရာဆုအလှူရှင် ဦးကိုကိုထွေးကလည်း ဝမ်းသာစကားပြောကြားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ထူးချွန်ဆရာဆုရှိသူများကို ချီးမြှင့်ခဲ့ပြီး ထူးချွန်ဆရာဆု အကဲဖြတ်ပညာရှင်ဆရာတွေကို ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပါတယ်။ အထက်တန်းပြဆရာထူးချွန်ဆု ပထမဆုကို ဒေါ်မေမေစိန် အထက (၁) ထားဝယ်၊ တနင်္သာရီတိုင်း ၊ ဒုတိယဆုကို ဒေါ်မြတ်မွန် အထက (၁) ၊ ဘိုကလေး၊ ဧရာဝတီတိုင်း ၊ တတိယဆုကို ဒေါ်နန်းအေးအေးမိုး အထက (၁) လွိုင်ကော်၊ ကယားပြည်နယ် တို့မှ လည်းကောင်း၊ အလယ်တန်းပြ ဆရာထူးချွန်ဆု ပထမဆုကို ဒေါ်မြကြွယ်၊ အမက (၂) ချမ်းအေးသာဇံ၊ မန္တလေးတိုင်း၊ ဒုတိယဆုကို ဒေါ် တင်နီလာအေး အထက(ခွဲ) မာခရော်ရှေ့ ဖရူးဆို၊ ကယားပြည်နယ်၊ တတိယဆုကို ဒေါ်နွယ်နွယ်လွင် အထက(၁)၊ နမ့်ဆန် ရှမ်း(မြောက်) တို့မှလည်းကောင်း၊ မူလတန်းပြဆရာထူးချွန်ဆု ပထမဆုကို ဒေါ်အေးအေးမော် အလက(ခွဲ) သိင်္ဂါ၊ မကွေးတိုင်း၊ ဒေါ်ကျော့ကျော့နှောင်း မူလွန်-ပီတူး၊ ရေတာရှည် ၊ ပဲခူး(ရှေ့) ၊ တတိယဆုကို ဦးညွန့်ဝင်း အလက (ခွဲ) ပန်းညို၊ မြောင်၊ စစ်ကိုင်းတိုင်းတို့ကလည်းကောင်း အသီးသီးရရှိခဲ့ကြပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း