နိုင်ငံရဲ့စီးပွားရေးအားနည်းပေမဲ့ တရုတ်ရေနံကုမ္ပဏီကြီးတွေ အမြတ်ရရှိမှုမြင့်တက်

article landscape wartermark final4 ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီး ဆုံးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွား ရေးအခြေအနေ အားနည်းနေပေမဲ့ တရုတ်ကုန်တွင်း ရေနံတူးဖော်ရေး ကုမ္ပဏီကြီးတွေဖြစ်တဲ့ Sinopec နဲ့ PetroChina တို့ဟာ ၂ဝ၁၃ ခုနှစ်မှာ အမြတ်ရရှိမှု မြင့်တက်ခဲ့တယ်လို့ သိ ရပါတယ်။ တရုတ်ရေနံဓာတု ကော်ပို ရေးရှင်းရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Sinopec ဟာ ပြည်တွင်း ဝယ်လိုအား တည်ငြိမ်မှုရှိနေတာကြောင့် နှစ်အ လိုက် အသားတင်အမြတ်ပမာဏ ၃.၅ ရာခိုင်နှုန်းယွမ် ၆၆.၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁ဝ.၆ ဘီလီယံ) ထိ မြင့်တက်ခဲ့ပြီး ဝင်ငွေ ၃.၄ ရာခိုင် နှုန်း ယွမ် ၂.၉ ထရီလီယံထိ တိုးတက် ခဲ့တယ်လို့ ဆိုပါတယ်။ Petro China ဟာ ၂ဝ၁၃ ခုနှစ်မှာ နှစ်အလိုက်အသား တင်အမြတ် ပမာဏ ၁၂.၄ ရာခိုင်နှုန်း ယွမ် ၁၂၉.၆ ဘီလီယံ မြင့်တက်ခဲ့ပါ တယ်။ ပြည်တွင်းစီးပွားရေးအခြေအ နေ ဆက်လက်တည်ငြိမ်နေတဲ့အတွက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ဝယ်လိုအားက ဆက်ပြီး တိုးတက်မယ်လို့ PetroChina ရဲ့ Chairman Zhou Jiping က ဆိုပါတယ်။

            Ref: AFP