တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းရိုက်ကူးတဲ့ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ

[caption id="attachment_8888" align="alignnone" width="720"]ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး အမှာစကားပြောကြားစဉ် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးပိုက်ထွေး အမှာစကားပြောကြားစဉ်[/caption] တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ ပထမဆုံးရိုက်ကူးထုတ်လုပ်ထားတဲ့ ဒဏ္ဍာရီထဲက တေးကဗျာ ရုပ်သံဇာတ်လမ်းတွဲမိတ်ဆက်ပွဲကိုု ၂၀၁၄ ခုနှစ်၊ ဧပြီလ ၃ ရက်က ရန်ကုန်မြို့ရှိ Sky Star Hotel မှာ ကျင်းပခဲ့ပါ တယ်။ အဆိုပါဇာတ်လမ်းတွဲမှာ တရုတ်အနုပညာရှင်မင်းသား Zhao Wen Xuan ၊ မင်းသမီး Chu Eun Ju နဲ့ အတူ မြန်မာအနုပညာရှင်တွေဖြစ်ကြတဲ့ ရန်ကျော်၊ မေသဉ္ဇာဦးနဲ့ အခြားအနုပညာများစွာ ပါဝင်ထားပြီး ဒါရိုက် တာ Yu RongGuang ရဲ့ လက်ရာပါ။ ပျူနိုင်ငံရဲ့ မင်းသားတစ်ပါးဟာ တာ့ထန်ဘုရင်မင်းမြတ်ထံ တမန်တော် အဖြစ် သွားရောက်ခဲ့တဲ့ဖြစ်ရပ်ကို ဇာတ်လမ်းရဲ့ အဓိက ပင်ကျောရိုးအဖြစ် ဖွဲ့စည်းထားတဲ့ဇာတ်ကားဖြစ်တယ် လို့ သိရပါတယ်။ [caption id="attachment_8890" align="alignnone" width="720"]ရုပ်ရှင်ဒါရိုက်တာ Mr Yu Rong Guang ရုပ်ရှင်ဒါရိုက်တာ Mr Yu Rong Guang[/caption] အဆိုပါရုပ်သံဇာတ်လမ်းတွဲကို တရုတ်ယူနန်ပြည်နယ်၊ ကျဲ့ကျန်းပြည်နယ်နဲ့ မြန်မာနိုင်ငံ ပုဂံမြို့ အစရှိ တဲ့နေရာတွေမှာ ရိုက်ကူးခဲ့ပြီး မြန်မာနိုင်ငံ တွင် ရိုက်ကူးခဲ့စဉ်က ပါဝင်ခဲ့တဲ့ ဒါရိုက်တာစင်ရော်မောင်မောင်က `သူတို့ရိုက်ကူးချင်တဲ့နေရာတွေကို လိုက်ပြပေးခဲ့တယ်။ အဓိကတော့ ဘာသာစကား အခက်အခဲပါ။ အဲဒါကို တော်တော်လေး ကျော်ဖြတ်ရခဲ့တယ်။ နောက် ဆုံးတော့ ကိုယ်လိုချင်တဲ့ Target ကို ရောက်ခဲ့ပါတယ်။ သူတို့ ဘက်က HD ကင်မရာတွေ၊ Sound Effect တွေ၊ Editing တွေ တော်တော်ကောင်းတယ်။ ဒီဇာတ်လမ်းတွဲ ရိုက်ကူးဖို့ ပြင်ဆင်တာကတော့ အကြိမ်ကြိမ်ပါပဲ၊ လေးနှစ်လောက်ကြာသွားတယ်။ ဒါပေမဲ့ ဒီမှာလာရိုက်တဲ့ရက် ကတော့ ဆယ်ရက်ပဲ ကြာပါတယ်။ ရွှေလီမှာလည်း ဆက်တင်ဆောက်ပြီးတော့ ရိုက်တယ်။ သူတို့ဇာတ်ညွှန်း အရ သွားတာဆိုတော့ မြန်မာအနုပညာရှင်တွေရဲ့ အခန်းပါဝင်မှုကတော့ နည်းပါတယ်´ လို့ ပြောပြခဲ့ပါတယ်။   [caption id="attachment_8889" align="alignnone" width="720"]ဒါရိုက်တာ ဦးစင်ရော်မောင်မောင် ဒါရိုက်တာ ဦးစင်ရော်မောင်မောင်[/caption] ဒဏ္ဍာရီထဲက တေးကဗျာ ရုပ်သံဇာတ်လမ်းတွဲကို Sky Net International Drama လိုင်းမှာ ဧပြီလ ၁၄ ရက်၊ ညစဉ် ၇ နာရီကနေ စတင်ထုတ်လွှင့်မှာ ဖြစ်တယ်လို့ သိရပါတယ်။ article landscape wartermark final copy3