ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာထုတ်လုပ်ခြင်းနဲ့ ထုတ်ပိုးခြင်းဆိုင်ရာပြပွဲ

propak1

propak2

ဒုတိယအကြိမ်မြောက် အပြည်ပြည်ဆိုင်ရာထုတ်လုပ်ခြင်းနဲ့ ထုတ်ပိုးခြင်းဆိုင်ရာပြပွဲ Propak Myanmar 2015 ကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်ကနေ ၂၆ ရက်အထိ ရန်ကုန်မြို့ရှိ Myanmar Event Park မှာ ကျင်းပခဲ့ပါတယ်။

propak11

propak10

အခမ်းအနားမှာ အစားအသောက်၊ ဆေးဝါးပစ္စည်းလုပ်ငန်း၊ အချိုရည်နဲ့ အဖျော်ယမကာဆိုင်ရာလုပ်ငန်း၊ ပလတ်စတစ်နဲ့ ထုတ်ပိုးခြင်းဆိုင်ရာလုပ်ငန်းအစရှိတဲ့ ထုတ်ပိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို တရုတ်၊ ပြင်သစ်၊ စင်ကာပူအစရှိတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံက ကုမ္ပဏီပေါင်း ၁၇၀ ကျော်က ဝင်ရောက်ပြသခဲ့ပါတယ်။ ဒါအပြင် ပြပွဲမှာ Food Science & Technology Association of Myanmar (FoSTAM) နဲ့ Myanmar Retailers Association (MMRA) တို့ကလည်း သုတေသနဆိုင်ရာနည်းလမ်းတွေ၊ သတင်းအချက်အလက်နဲ့ စီးပွားရေးဆိုင်ရာတွေ့ဆုံဆွေးနွေးပွဲတွေကို ကျင်းပပြုလုပ်ခဲ့တယ်လို့သိရှိရပါတယ်။

propak8

propak9

propak3

ပွဲမှာ Bangkok Exhibition Services Ltd ရဲ့ General Manager Mr Justin Pau က Propak Myanmar 2015 ကို တက်ရောက်တဲ့အတွက် ကုမ္ပဏီတွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက်အကျိုးရှိစေမယ့် နောက်ဆုံးပေါ် စက်ပစ္စည်းတွေနဲ့ နည်းပညာတွေကို မြင်တွေ့လေ့လာခွင့်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အသေးစိတ်သိရှိလိုပါက www.propakmyanmar.com မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

propak6

propak5

propak4

propak7