တရုတ်နိုင်ငံရဲ့အားကစားဆိုင်ရာပစ္စည်းအသုံးအဆောင် ဈေးကွက်တန်ဖိုးဟာ လက်ရှိမှာ ဒေါ်လာ ၂၂ ဘီလီယံ ရှိပြီး ၂၀၁၈ ခုနှစ်ရောက်တဲ့အခါ ၂၈.၄ ဘီလီယံအထိ တိုးတက်လာဖို့ရှိတယ်လို့ သိရပါတယ်။ Adidas ဟာ လွန်ခဲ့တဲ့ ငါးနှစ်အတွင်း တရုတ်နိုင်ငံတစ်လွှားက နယ်မြို့လေးတွေမှာ ဆိုင်သစ်ပေါင်း ငါးရာနီးပါးဖွင့်လှစ်ခဲ့ပြီး Nike နဲ့ အပြိုင် ဈေးကွက်ကို လုနေပါတယ်။ ၂၀၁၄ ခုနှစ်စာရင်းအရ ဈေးကွက်ရဲ့ ၁၃.၈ ရာခိုင်နှုန်းကို Adidas က ရရှိထားပြီး Nike က ၁၄.၃ ရာခိုင်နှုန်း ရရှိထားပါတယ်။ Adidas တစ်ရန်ဝယ်ပြီးရင် ကျန်းမာရေးနဲ့ အားကစားဆိုင်ရာနေရာမှာတင်မက မင်္ဂလာဆောင်နဲ့ တခြားလူမှုရေးပွဲလမ်းတွေထိပါ စီးသွားချင်တဲ့ တရုတ်လူမျိုးတို့ရဲ့စိတ်ကြိုက်ဖြစ်အောင် ဖြည့်ဆည်းပေးနေတယ်လို့ ဆိုပါတယ်။