[caption id="attachment_21776" align="alignnone" width="720"]

Samsung Galaxy Note-edge[/caption] Samsung ကုမ္ပဏီဟာ ၂၀၁၅ ခုနှစ် ပထမသုံးလပတ်အတွင်း စမတ်ဖုန်းတွေကို ပမာဏအားဖြင့် ကမ္ဘာမှာ အများဆုံးထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီအဖြစ် Apple ကုမ္ပဏီကို အမီလိုက်နိုင်သွားခဲ့ပါတယ်။ အဲဒီကာလအတွင်း Samsung ဟာ ကမ္ဘာအနှံ့စမတ်ဖုန်းလုံးရေ ၈၃.၂ သန်းထုတ်လုပ်တင်ပို့နိုင်ခဲ့ပြီး ဈေးကွက်ဝေစု ၂၄ ရာခိုင်နှုန်းရရှိခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်က ၃၁ ရာခိုင်နှုန်းရခဲ့ရာက ကျဆင်းလာတာ ဖြစ်ပေမဲ့ Apple ရဲ့ ၁၈ ရာခိုင်နှုန်းထက် ပိုများနေတာဖြစ်တယ်။ Samsung ဟာ အာရှတိုက်နဲ့ တခြားဈေးကွက်တွေမှာ အခက်အခဲတွေရှိခဲ့ပေမဲ့ ရောင်းအားအနေနဲ့ ကမ္ဘာ့ထိပ်ဆုံးရောက်နိုင်ခဲ့ပါတယ်။ Ref: Reuters