''ကျုပ်လိုမဖြစ်ကြပါစေနဲ့'' လို့ Bill Gates က ပြောတယ်

billgate Bill Gates ဟာ တခြားနာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်ကြတဲ့ Steve Jobs ၊ Mark Zuckerberg ၊ Oprah Winfrey တို့လိုပဲ တက္ကသိုလ်ပညာတစ်ပိုင်းတစ်စနဲ့ ဘွဲ့မရဘဲ ကျောင်းက ထွက်ခဲ့သူဖြစ်တယ်။ သူက       ''ကျွန်တော်ဟာ ကျောင်းပညာတစ်ပိုင်းတစ်စနဲ့ထွက်ခဲ့ပြီး ဆော့ဖ်ဝဲလုပ်ငန်းကို လုပ်ကိုင်နိုင်ခဲ့တာ ကံကောင်း တာပါပဲ။ ဒါပေမဲ့ ဘွဲ့တစ်ခုခုကိုရထားရင်တော့ အောင်မြင်ဖို့ ပိုသေချာသွားတာပေါ့ဗျာ'' လို့ဆိုတယ်။ ''ဘွဲ့ရထားရင် အလုပ်ကောင်းကောင်းရနိုင်တယ်၊ ဝင်ငွေပိုကောင်းမယ်၊ ပြီးတော့ အထောက်အထားတွေအရ ပြောရရင် ပိုပြီးကျန်းကျန်းမာမာ နေသွားနိုင်ကြမှာဖြစ်တယ်'' တဲ့။ ''ဒါအပြင် အမေရိကန်နိုင်ငံရဲ့ အလုပ် လုပ်နိုင်သူတွေကို သင်တန်းတွေ၊ ကျွမ်းကျင်မှုတွေ ပေးလာနိုင်မှာဖြစ်သလို တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း တိုးတက်အောင် တခြားတိုင်းပြည်တွေနဲ့ ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ကြမှာ ဖြစ်ပါတယ်။ အဲဒီလို လူတွေ ပိုပြီးများလာအောင် လုပ်မပေးနိုင်တာကတော့ အတော်ကိုဆိုးပါတယ်'' တဲ့။ ကျုပ်လို မဖြစ်ပါစေနဲ့လို့ ပြောသွားတာဖြစ်တယ်။ Ref: Bloomberg