ကုန်သည်စက်မှုအသင်းချုပ်ရဲ့လစဉ်ဟောပြောပွဲအဖြစ် “၂၀၁၅ အလွန်” ခေါင်းစဉ်အဖြစ်ကျင်းပ

UMFCCI လစဉ်ကျင်းပနေကျဖြစ်တဲ့ ကုန်သည်စက်မှုအသင်းချုပ်ရဲ့ ဘာသာရပ်ဆိုင်ရာဟောပြောပွဲအဖြစ် ၂၀၁၅ အလွန် ခေါင်းစဉ်နဲ့ ဇူလိုင်လ ၅ ရက်က ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ အဆိုပါအသင်းချုပ်မှာ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Moderator အဖြစ် The Voice Weekly သတင်းစာရဲ့ဒါရိုက်တာနှင့် ဒု-အယ်ဒီတာချုပ် ဦးဇေယျသူနဲ့အတူ မြန်မာနိုင်ငံဂဏန်းလုပ်ငန်းလုပ်ငန်းရှင်များအသင်းရဲ့ဥက္ကဋ္ဌ ဦးနှင်းဦး၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဦးမောင်မောင်၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေနဲ့ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စရပ်တွေကိုကူညီဆောင်ရွက်နေတဲ့ ဦးအောင်သူငြိမ်း တို့က Panelist အဖြစ်ပါဝင် ဆွေးနွေးခဲ့ကြ ပါတယ်။ ၂၀၁၅ ခုနှစ်အလွန်မှာ ဖြစ်ပေါ်ပြောင်းလဲလာမယ့် စီပွားရေး၊ နိုင်ငံရေးအခြေအနေစတာတွေကို Panelist တွေရဲ့အတွေ့အကြုံ၊ အတွေး အမြင်တွေနဲ့ ဖြည့်စွက်ပါဝင်ဆွေးနွေးပေးခဲ့ကြပါတယ်။ တက်ရောက်လာသူတွေရဲ့မေးမြန်းချက်တွေကို အသေးစိတ်ပြန်လည်ဖြေ ကြားပေးခဲ့ပါတယ်။