တရုတ်နိုင်ငံက စမတ်ဖုန်းထုတ်လုပ်တဲ့ ZTE ကုမ္ပဏီက ဖိလစ်ပိုင် စမတ်ဖုန်း ဈေးကွက်ကို ဈေးနှုန်းသက်သာတဲ့ ဟန်းဆက်တွေနဲ့ လာမယ့်သုံးနှစ်အတွင်း လွှမ်းမိုးသွား ဖို့ မျှော်လင့်ထားပါတယ်။ မိမိတို့ ဖုန်းတွေဟာ တန်ဖိုးကြီးဖုန်းတွေကို ယှဉ်ပြိုင်ဖို့ဖြစ်ပေမဲ့ တံဆိပ်မပါတဲ့ ဒေသခံဖုန်းအမျိုးအစားတွေနဲ့တော့ ပြိုင်ဆိုင်မှာမဟုတ်ဘူးလို့ ကုမ္ပဏီ က ဆိုပါတယ်။ ဖိလစ်ပိုင် စမတ်ဖုန်းဈေး ကွက်ကို မိုဒယ်အသစ်လေးမျိုးနဲ့အတူ လက်ရှိ စမတ်ဖုန်းအသုံးပြုမှု ၂၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမှာ ဖြစ်တယ်လို့ ZTE ရဲ့ အရှေ့တောင်အာရှ မန်နေဂျင်း ဒါရိုက်တာJeff Zhou Fang က ပြောပါတယ်။ ZTE ဟာ ၂၀၁၂ ခုနှစ် ရောင်းအားအရ ကမ္ဘာမှာ မို ဘိုင်းဖုန်းထုတ်လုပ်တဲ့ စတုတ္ထမြောက် အကြီးဆုံးလုပ်ငန်းလည်း ဖြစ်ပါတယ်။ Ref: Xinhua