Zara ရဲ့ မိခင်ကုမ္ပဏီက ပထမနှစ်ဝက်အမြတ်တွေ မြင့်တက်

zara

ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ဖြစ်တဲ့ Zara ရဲ့ မိခင်လုပ်ငန်းဖြစ်တဲ့ စပိန်အဝတ်အထည်လုပ်ငန်း Inditex SA ဟာ ၂၀၁၃ ခုနှစ် ပထမနှစ်ဝက်မှာ အမြတ်အနည်းငယ် မြင့်တက်ခဲ့ပြီး ဒုတိယနှစ်ဝက်ထဲကို အောင်မြင်စွာ လှမ်းဝင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္ပဏီဟာ ယမန်နှစ်ကထက်အသား တင်ဝင်ငွေ ၁ ရာခိုင်နှုန်းမြင့်တက်လာ တာဖြစ်ပြီး ဒေါ်လာ ၁.၃ ဘီလီယံ ရှိခဲ့ပါတယ်။ ရောင်းအားကတော့ ယမန်နှစ်ကထက် ၆ ရာခိုင်နှုန်းမြင့် တက်ခဲ့တယ်လို့ ဆိုပါတယ်။Inditex  ဟာ ဇူလိုင်လ ၃၁ ရက်နေ့အထိ Zara ၊ Pull & Bear ၊ Massimo Dutti ၊ Bershka ၊ Stradivarius၊ Oysho  နဲ့ Zara Home  အပါအဝင် စတိုးပေါင်း ၆,၁၀၄ ဆိုင် လည်ပတ်လျက်ရှိပါ တယ်။