စင်္ကာပူနိုင်ငံ၊ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ ၁၃ရက် - Yum! Brands, Inc. (NYSE: YUM) က Yoma Strategic Holdings Ltd နဲ့အတူ Yoma Strategic Holdings Ltd ကို KFC လုပ်ငန်းလုပ်ပိုင်ခွင့်ရသူအဖြစ် ပူးပေါင်းကာ မြန်မာနိုင်ငံမှာ KFC အသင့်စား စားသောက်ဆိုင်ခွဲလုပ်ငန်းကို ၂၀၁၅ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ချက်များကို ကြေညာခဲ့ပါတယ်။ KFC က ကမ္ဘာ့အကြီးဆုံးစားသောက်ဆိုင်ခွဲလုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း ရောင်းရငွေပေါင်း နှစ်စဉ် အမေရိကန်ဒေါ်လာ(၂၃)ဘီလီယံရှိပြီး စားသောက်ဆိုင်ခွဲပေါင်း(၁၈,၀၀၀)ကို နိုင်ငံပေါင်း(၁၁၈)နိုင်ငံတွင် ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ KFC အနေနဲ့ နိုင်ငံတကာအသင့်စား စားသောက်ဆိုင်ခွဲ လုပ်ငန်းများစွာထဲတွင် မြန်မာနိုင်ငံကို စောလျင်စွာဝင်ရောက်လာတဲ့ လုပ်ငန်းစုတစ်ခုလည်းဖြစ်ပါတယ်။ “KFCလုပ်ငန်းမြန်မာနိုင်ငံ ကိုဝင်ရောက်ဖို့ ရည်ရွယ်ချက်ကိုကြေညာရခြင်းဟာ ကျွန်တော်တို့ုအဖွဲ့အတွက် အရေးကြီးတဲ့ အချက်အချာကျတဲ့ ခြေလှမ်းတစ်ရပ်ပဲဖြစ်ပါတယ်” ဟု KFCရဲ့ အလုပ်အမှုဆောင်အရာရှိချုပ် Micky Pantက ပြောကြားခဲ့သည်။ “ကျွန်တော်တို့အကုန်လုံးဟာ ယခုလိုယုံကြည်စိတ်ချရတဲ့ ဒေသခံလုပ်ငန်းလုပ်ပိုင်ခွင့်ရသူနဲ့ ပူးပေါင်းလုပ်ကိုင်ရပြီး အရသာရှိတဲ့ KFC အတွေ့အကြုံကို မြန်မာနိုင်ငံကို ယူလာခွင့်ရတာ အများကြီးဝမ်းသာမိပါတယ်” လို့ ပြောပါတယ်။ Yoma Strategic Holdings ရဲ့အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးသိမ်းဝေ က “ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့ စားလေ့စားထရှိတဲ့ အဓိကအသားက ကြက်သားပဲဖြစ်တယ်။ ပြီးတော့ မြန်မာပြည် မှာ လူတော်တော်များများက KFC အမှတ်တံဆိပ်နဲ့ Colonel Sander ရဲ့ဟင်းခတ်အမွှေးအကြိုင် (၁၁)မျိုးပါတဲ့ Original Recipe ကြက်ကြော်ကို သိပြီး၊ လက်ခံပြီးဖြစ်တယ်။ KFC ကလည်းအခုဆိုရင် တစ်ကမ္ဘာလုံးနေရာအနှံ့မှာရှိပြီးဖြစ်တယ်။ KFC နဲ့ ဒီလိုလက်တွဲလုပ်ကိုင်ရခြင်းကို ကျွန်တော် အများကြီးအားရမိပါတယ်။ KFC လုပ်ငန်းဟာ Yoma Strategic ရဲ့ရှေ့လျှောက် မြန်မာပြည်တွင်း စားသောက်ကုန်လုပ်ငန်းမှာ တိုးချဲ့သွားမဲ့ အစီအစဉ်အတွက် အဓိက စီးပွားရေးလုပ်ငန်းတစ်ခု လို့တောင် ပြောလို့ရပါတယ်” ဟု ပြောပါသည်။ “နိုင်ငံတကာအသင့်စားစားသောက်ဆိုင်ခွဲလုပ်ငန်းတစ်ရပ်အတွက် မြန်မာနိုင်ငံဟာအထူးသင့်လျော်ပါတယ်။ မြန်မာနိုင်ငံရဲ့စားသုံးသူလူဦးရေဟာ လက်ရှိ(၂.၅) သန်းကနေ၂၀၃၀ပိုင်းမှာ (၁၉)သန်းအထိပွားများလာပြီး သုံးစွဲငွေလည်း(၃)ဆလောက်မြင့်တက်မယ်လို့ သုံးသပ်ထားကြပါတယ် ။ ဒေသတစ်ဝှမ်းခြုံကြည့်ရရင် မြန်မာနိုင်ငံအတွက် အများကြီးအလားအလာကောင်းပါတယ်၊” ဟု ဦးသိမ်းဝေ က ဆက်လက်ပြောကြားခဲ့ပါတယ်။ “စားသုံးသူနှင့် လက်လီလုပ်ငန်းဟာ ရှေ့လျှောက် Yoma Strategic အတွက် ဗျူဟာမြောက်တဲ့လုပ်ငန်းများ ဖြစ်ပါတယ်။ KFC အသင့်စား စားသောက်ဆိုင်ခွဲလုပ်ငန်းဟာ ကျွန်တော်တို့ရဲ့ လုပ်ငန်းအသစ်တွေထဲမှာ အဓိကအရေးပါတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပါတယ်” ဟု၎င်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။