ဂျပန်အစားအသောက်မျိုးစုံကို စားသောက်ခံစားနိုင်မယ့် နေရာလေးတစ်နေရာကို မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ် . . .
အမှတ် ၆၉၊ ခြောက်မိုင်ခွဲ၊ ပြည်လမ်းမှာရှိတဲ့ Market Place by City Mart ရဲ့ ဆိုင်အမှတ် ၁၆ မှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့ ၀၉-၉၆၄၈၂၀၇၂၀ နဲ့ ၀၉-၄၅၅၈၂၀၇၂၀ ဖြစ်ပါတယ်။
စတင်ဖွင့်လှစ်တဲ့ခုနှစ်နဲ့Yuki ရဲ့အဓိပ္ပာယ် . . .
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဆိုင်နာမည် Yuki ရဲ့ မြန်မာလိုအဓိပ္ပာယ်က နှင်း ဖြစ်ပါတယ်။
[caption id="attachment_28192" align="alignnone" width="720"]ume boshi zoe[/caption]
ဆိုင်ဖွင့်ချိန် . . .
မနက် ၉ နာရီကနေ ည ၁၁ နာရီ အထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။
[caption id="attachment_28193" align="alignnone" width="720"]yuki special maki[/caption]
ရရှိနိုင်တဲ့ Menu တွေက . . .
ဂျပန်ဆူရှီတွေ၊ ဂျပန်စတိုင်လ်ခေါက်ဆွဲတွေ၊ အသားကင်တွေ၊ တန်ပူရာကြော်တွေ၊ Salad တွေ၊ သဘာ၀ လက်ဖက်ရည်တွေနဲ့ ရာသီပေါ် သစ်သီးဖျော်ရည်မျိုးစုံလည်း ရရှိနိုင်ပါတယ်။ ဆိုင်ကနေ ဧည့်သည်တွေကို Recommend ပေးချင်တာက King Crab Sashimi ပဲဖြစ်ပါတယ်။
[caption id="attachment_28190" align="alignnone" width="720"]Hot pot[/caption]
ဈေးနှုန်းတွေက . . .
ဟင်းပွဲတွေကတော့ နှစ်ထောင်ကျပ်ကနေ သုံးသောင်းကျပ်ဝန်းကျင်အထိဖြစ်ပြီး လက်ဖက်ရည်နဲ့ သစ်သီးဖျော်ရည်တွေကတော့ ငါးရာကျပ်ကနေ သုံးထောင်ကျပ်ဝန်းကျင်ဖြစ်ပါတယ်။
ဆိုင်ရဲ့ထူးခြားချက် . . .
တခြားဂျပန်ဆိုင်တွေနဲ့ မတူတဲ့ ဆိုင်အပြင်အဆင်ရှိသလို ဟင်းပွဲအရသာတွေကလည်း ဂျပန်စတိုင်လ်ကနေ အနည်းငယ်ကွဲထွက်ပြီး မြန်မာနိုင်ငံက စားသုံးသူတွေ နှစ်သက်နိုင်တဲ့ အရသာမျိုးဖြစ်အောင် နိုင်ငံတကာ အတွေ့အကြုံ ၁၃ နှစ်ရှိပြီဖြစ်တဲ့ စားဖိုမှူးက ဦးဆောင်ပြီး ပြင်ဆင်ချက်ပြုတ်ပါတယ်။
[caption id="attachment_28194" align="alignnone" width="720"]Mix sashimi[/caption]
ကုန်ကြမ်းတင်သွင်းမှုနဲ့ အရည်အသွေးပိုင်း . . .
နော်ဝေး၊ ဂျပန်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့က အရည်အသွေးမြင့်ပြီး သန့်ရှင်းလတ်ဆတ်တဲ့ ကုန်ကြမ်းတွေကို တင်သွင်းအသုံးပြုတာဖြစ်သလို ကျန်းမာရေးနဲ့ ကိုက်ညီစေဖို့ သန့်ရှင်းမှုကို အဓိကထားပြီး ရက်လွန်ပစ္စည်းတွေ မသုံးမိဖို့လည်း သေချာဂရုစိုက်ပါတယ်။
အယ်ဒီတာအဖွဲ့