Yoogane Myanmar Korean Restaurant Grand Opening

yoogane2

yoogane3

Yoogane Myanmar ကိုရီးယားဆိုင် လေးဆိုင်မြောက်ဆိုင်ခွဲ ဖွင့်လှစ်ခြင်းအခမ်းအနားကို ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်က ဆိုင်တည်ရှိရာ Junction 8 အနီး ၊ မရမ်းကုန်းမြို့နယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ယင်းပွဲမှာ Yoogane Myanmar ရဲ့ Managing Director Mr Chan Su Park က မြန်မာနိုင်ငံစားသုံးသူမိဘပြည်သူများအတွက် အရသာထူးခြားစွာစီမံဖန်တီးရောင်းချတဲ့ ကိုရီးယား Franchise စားသောက်ဆိုင်ဖြစ်ကြောင်း ၊ ဆိုင်ရဲ့ထူးခြားချက် Concept မှာ စားသုံးသူများရှေ့မှာ ဟင်းလျာတွေကို စားဖိုမှူးများက ချက်ပြုတ်ပေးကြောင်းနဲ့ အသစ်ထပ်မံထုတ်လုပ်ထားတဲ့ Cheese Fondue ဟင်းလျာများအကြောင်းရှင်းလင်းပြောကြားပြီး ဆိုင်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

yoogane1