News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Yangon Photo Night ဓာတ်ပုံပွဲတော်
Editorial
February 18, 2014
Local News
News
ပြင်သစ်ယဉ်ကျေးမှုအနုပညာစင်တာနဲ့ International Media Support (IMS) တို့ ပူးပေါင်းစီစဉ်တဲ့ ခြောက် ကြိမ်မြောက် Yangon Photo Night ဓာတ်ပုံပွဲတော်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုအနုပညာစင်တာမှာပဲ ကျင်းပခဲ့ပါတယ်။ အဆိုပါပြပွဲမှာ Franck Vogel ၊ Fausto Podavini ၊Marc Roussel ၊ Ana Galan အစရှိတဲ့ နိုင်ငံတကာဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံတွေကို ခင်းကျင်းပြသခဲ့ပါတယ်။ မြန်မာနိုင်ငံလူငယ်ဓာတ်ပုံဆရာတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံး Photo Eassy ဆု အတွက် အကဲဖြတ်ဒိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် အကဲဖြတ်ပေးခဲ့ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ဒါရိုက်တာဖြစ်သူ Olivier Lacorix က ''မြန်မာဓာတ်ပုံဆရာတွေကို တခြားနိုင်ငံမှာ ရှိတဲ့ဓာတ်ပုံဆရာတွေနဲ့ ဘယ်လိုလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတယ်ဆိုတာရယ်၊ နိုင်ငံတကာ အဆင့်တန်းမီ လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း မြန်မာဓာတ်ပုံပညာရှင်တွေ Work Shop ကနေ လေ့လာ ခွင့် ရရှိကြမှာပါ''လို့ ဓာတ်ပုံပွဲတော်နဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။ ဒီပွဲတော်ရဲ့ Theme ကတော့ မေတ္တာ၊ ငြိမ်း အေးရာလမ်းဖြစ်ပြီး တက်သစ်စ Photo Journalist အတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း