Yangon Photo Night ဓာတ်ပုံပွဲတော်

1 2 3 4 ပြင်သစ်ယဉ်ကျေးမှုအနုပညာစင်တာနဲ့ International Media Support (IMS) တို့ ပူးပေါင်းစီစဉ်တဲ့ ခြောက် ကြိမ်မြောက်  Yangon Photo Night  ဓာတ်ပုံပွဲတော်ကို ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုအနုပညာစင်တာမှာပဲ ကျင်းပခဲ့ပါတယ်။ အဆိုပါပြပွဲမှာ  Franck Vogel ၊ Fausto Podavini ၊Marc Roussel ၊ Ana Galan အစရှိတဲ့ နိုင်ငံတကာဓာတ်ပုံဆရာတွေရဲ့ဓာတ်ပုံတွေကို ခင်းကျင်းပြသခဲ့ပါတယ်။ မြန်မာနိုင်ငံလူငယ်ဓာတ်ပုံဆရာတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ တစ်နှစ်တာအကောင်းဆုံး Photo Eassy ဆု အတွက် အကဲဖြတ်ဒိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တက်ရောက် အကဲဖြတ်ပေးခဲ့ပါတယ်။ ပြင်သစ်ယဉ်ကျေးမှုဌာနရဲ့ဒါရိုက်တာဖြစ်သူ Olivier Lacorix  က ''မြန်မာဓာတ်ပုံဆရာတွေကို တခြားနိုင်ငံမှာ ရှိတဲ့ဓာတ်ပုံဆရာတွေနဲ့ ဘယ်လိုလုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်နေတယ်ဆိုတာရယ်၊ နိုင်ငံတကာ အဆင့်တန်းမီ လေ့ကျင့်သင်ကြားပေးမှုတွေကိုလည်း မြန်မာဓာတ်ပုံပညာရှင်တွေ Work Shop  ကနေ လေ့လာ ခွင့် ရရှိကြမှာပါ''လို့ ဓာတ်ပုံပွဲတော်နဲ့ပတ်သက်လို့ ပြောပြခဲ့ပါတယ်။ ဒီပွဲတော်ရဲ့ Theme ကတော့ မေတ္တာ၊ ငြိမ်း အေးရာလမ်းဖြစ်ပြီး တက်သစ်စ Photo Journalist  အတွက် ရည်ရွယ်ကျင်းပခဲ့တာဖြစ်တယ်လို့ သိရပါတယ်။