IMF ရဲ့ ရှေ့အလားအလာခန့်မှန်းချက်အရ ကမ္ဘာ့စီးပွားရေးဟာ ကောင်းလာမှာပါလို့ သိရပါတယ်။ အမေရိကန်နိုင်ငံရဲ့ ငွေကြေးဆိုင်ရာ မူဝါဒအပြောင်းအလဲအရ အတိုးအနှုန်းသက်သာစွာ ဘဏ်များမှ ငွေကြေးချေးယူနိုင်မှာဖြစ်တဲ့အတွက် ကမ္ဘာ့စီးပွားရေးတိုးနှုန်းမှာ တက်လာမှာဖြစ်တယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာလုံးဆိုင်ရာ အကြွေးအဆင့်ဟာလည်း တက်လာနိုင်ကြောင်း IMF သတိပေးထားပါတယ်။