ကမ္ဘာ့ဒဿနိကဗေဒနေ့

World Philo 6 ကမ္ဘာ့ ဒဿ     နိကဗေဒနေ့ကို  UNESCO က ၂၀၀၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ် နိုဝင်ဘာလရဲ့ တတိယမြောက် ကြာသာပတေးနေ့မှာ ကျင်းပလေ့ရှိပါတယ်။ မြန်မာနိုင်ငံတွင် ဦးမောင်မောင်ဇေယျ၊ ငြိမ်း၊ မောင်မောင်လတ် အစရှိတဲ့ ၇ ယောက်က ဦးဆောင်ပြီး ပထမအကြိမ်မြောက် မြန်မာနိုင်ငံကမ္ဘာ့ဒဿ   နိကဗေဒနေ့ကို ၂၀၁၄ ခုနှစ် နိုဝင်ဘာလလ ၂၀ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဖွင့်ပွဲအနေဖြင့် စန္ဒရားဆရာ ဦးသိန်းအောင်နဲ့ အဖွဲ့က ကမ္ဘာ့ဂီတ၊ မြန်မာ့ဂီတတွေနဲ့ ဖျော်ဖြေခဲ့ပြီး ပွဲကျင်းပရေး ကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဇေယျမှ ပွဲကျင်းပရခြင်း အကြောင်းနဲ့ ပွဲဖြစ်မြောက်လာပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ ပွဲတက်ရောက်လာသူ ပန်းချီဆရာ၊ ကဗျာဆရာများနဲ့ နယ်ပယ်အသီးသီးက ပညာရှင်များက သက်ဆိုင်ရာပညာရပ် နဲ့ ဒဿ     နိကဆက်စပ်ပုံကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ World Philo 5 World Philo 4 World Philo 3 World Philo 2 World Philo 1