ကမ္ဘာ့အသိဉာဏ်ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်နေ့ ၂၀၁၅ ကျင်းပ

မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ်ကမ္ဘာ့အသိဉာဏ်ပစ္စည်းနေ့ အခမ်းအ နားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံအသိဉာဏ်ပစ္စည်းဆိုင်ရာ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်မှ ၂၆ ရက်အထိ ရန်ကုန် မြို့ အမျိုးသားဇာတ်ရုံမှာကျင်းပခဲ့ပါတယ်။ ပွဲမှ တာဝန်ရှိသူများက ပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်များကို  ရှင်းလင်းပြောပြခြင်း၊ အသိဉာဏ် ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာစာပေ၊ အနုပညာလက်ရာများ၊ မြန်မာနိုင်ငံဒေသထွက်ကုန်များကို ခင်းကျင်းပြသခဲ့ကြပါတယ်။ ဒါ့အပြင် လူငယ်များအနေနဲ့ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ပိုမိုသိရှိစေရန် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဆိုင်ရာ ဗဟုသုတများ မျှဝေခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် အနုပညာရှင်များရဲ့ ဖျော်ဖြေပွဲ အစီအစဉ်များလည်း ပြုလုပ်ခဲ့ပါတယ်။ wpo 2 wpo 5 wpo 3 wpo 7 wpo 8