World Bank Group က ဆင်းရဲသားတွေ လေ ျာ့နည်းလာအောင် ဆောင်ရွက်သွားမယ်

world bank 4 ကမ္ဘာ့ဘဏ် အုပ်စုက မြန်မာနိုင်ငံအကူးအပြောင်းကာလတွင် ဆင်းရဲနွမ်းပါးမှုတွေကို လျော့ချသွားပြီး ပြည်သူ့ဝန်ဆောင်မှုတွေကို ပြည်သူတိုင်း လက်လှမ်းမီလာဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် ပုဂ္ဂလိက စီးပွားရေး ကဏ္ဍကို တိုးမြှင့်ဖို့လုပ်ဆောင်သွားမှာဖြစ်ကြောင်း ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ၊ ၁၆ ရက်က ရန်ကုန်မြို့ Park Royal Hotel မှာ ကျင်းပတဲ့ပွဲတွင် ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ ပထမဦးဆုံးအကြိမ်ဆောင်ရွက်တဲ့ မြန်မာနိုင်ငံဆိုင်ရာ စနစ်တကျ ဆန်းစစ်လေ့လာမှုမှာ  မြန်မာနိုင်ငံရဲ့ မဖော်ထုတ်ရသေးတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေနဲ့ တစ်နိုင်ငံလုံးမှာ ပြန့်နှံ့စွာတည်ရှိနေတဲ့ ဆင်းရဲနွမ်းပါးမှုတွေကို လေ့လာတင်ပြထားပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေး၊ ပညာရေး၊ ဘဏ္ဍာရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး စတာတွေနဲ့ပတ်သက်လို့ ကူညီပြီး ဆင်းရဲနွမ်းပါးမှုလျော့ချဖို့ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ world Bank 3 World bank 1 world bank 4 World Bank 5 World Bank 6 World bank 2