ကမ္ဘာ့စွန့်ဦးတီထွင် အမျိုးသမီးလုပ်ငန်းရှင်များနေ့ အခမ်းအနားကို ၂၀၁၄ခုနှစ် နိုဝင်ဘာလ ၁၉ရက်တွင် ရန်ကုန်မြို့ရှိ Sedona Hotel တွင် PFC (Partnership for Change) ကုမ္ပဏီက ကြီးမှူးကျင်းပခဲ့ပါတယ်။ အခမ်းအနားကို Partnership for Change မြန်မာကုမ္ပဏီရဲ့ Executive Officer Mrs Barbara က အဖွင့်အမှာစကားပြောကြားခဲ့ပြီး Green Elephant Group ရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဒေါ်ချယ်ရီအောင်ခင်က သူ့ရဲ့ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ စတင်ဖို့ ဥပဒေအရ ရှုပ်ထွေးခက်ခဲမှုတွေ၊ ကျေးလက်ရှိ အမျိုးသမီးတွေ၊ လုပ်ငန်းရှင်တွေရဲ့ အတားအဆီးတွေနဲ့ အခက်အခဲတွေ၊ ရင်းနှီးမြှပ်နှံသူတွေကို မိမိရဲ့ စီးပွားရေးလုပ်ငန်းသို့ စည်းရုံးနည်းတွေ၊ ဆက်သွယ်မှုကွန်ရက်အတွက် အဓိကလိုအပ်ချက်တွေ၊ ပြည်တွင်း ပြည်ပ ဈေးကွက်ရရှိ အောင် လုပ်ဆောင်မှုတွေ၊ လူမှုအကျိုးစီးပွားရေးလုပ်ငန်း စတင်လုပ်ဆောင်မှုတွေ၊ အမျိုးသမီးလုပ်ငန်းရှင်တွေ အတွက် သင်တန်းအစီအစဉ်တွေ နဲ့ ဈေးကွက်စနစ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး အမေးအဖြေ စကားဝိုင်း တွေ နဲ့ လုပ်ငန်းတစ်ခုကိုဘယ်လိုစတင်ရမလဲဆိုတဲ့အပေါ် အကြံပေး ဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားကို မြန်မာပြည်အရပ်ရပ်က အမျိုးသမီး စီးပွားရေးလုပ်ငန်းရှင်တွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည် တွေ၊ သတင်း မီဒီယာသမားတွေနဲ့ စိတ်ပါဝင်စားသူတွေ စုစုပေါင်း ၁၅၀ကျော် တတ်ရောက်ခဲ့ကြပါတယ်။





