Western Union ၁ နှစ်ပြည့်အခမ်းအနား

article landscape wartermark final10 နိုင်ငံတကာငွေကြေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Western Union မှ မြန်မာနိုင်ငံထဲကို ရောက်ရှိခြင်း ၁ နှစ် ပြည့်အထိမ်းအမှတ် အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ မေလ ၉ ရက်က ရန်ကုန်မြို့၊ Park Royal Hotel မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားမှာ Western Union ရဲ့ အင်ဒိုချိုင်းနားနဲ့ မြန်မာနိုင်ငံမှ Regional Director Ms Ly Nguyen က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး International Organization  for Migration (IOM) မှ Chief of Mission Mr Keran Gorman-Best က “ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပြည်ပသို့ မထွက်ခွာမီ သိရှိထားသင့်သော အချက်အလက်များ”  ဆိုတ့ Program နဲ့ပတ်သက်လို့ ရှင်းလင်းပြောကြားခဲ့ပါတယ်။  Western Union အနေနဲ့ ၂၀၁၃ အစပိုင်းက  အေးဂျင့် ၁၀၀ ကျော်နဲ့ စတင်ခဲ့ပြီး ယခုအခါ  မြန်မာနိုင်ငံရှိ ထိပ်သီးဘဏ် ၉ ခု နဲ့ချိတ်ဆက်ပြီး ပြည်နယ်နဲ့တိုင်း အေးဂျင့်နေရာပေါင်း ၄၆၀ ကို တိုးချဲ့ဆောင်ရွက်သွားမယ်လို့သိရပါတယ်။ Western Union ဟာဆိုရင် နိုင်ငံပေါင်း ၁၄၃ နိုင်ငံနဲ့ချိတ်ဆက်ထားပြီး နယ်နိမိတ်မျိုးစုံမှ ငွေပို့ငွေလွှဲ ဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ Western Union ရဲ့အေးဂျင့်ဘဏ်တွေကတော့  ဧရာဝတီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ မြန်မာ Treasure ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ယူနိုက်တက်အမရာဘဏ် နဲ့ ရိုးမဘဏ်တို့ဖြစ်တယ်လို့ သိရပါတယ်။ article landscape wartermark final17 article landscape wartermark final12 article landscape wartermark final6 article landscape wartermark final7 article landscape wartermark final8 article landscape wartermark final9 article landscape wartermark final article landscape wartermark final16 article landscape wartermark final14 article landscape wartermark final13