Warren Buffett ရဲ့ နေ့လယ်စာလေလံ

article landscape wartermark final6 Berkshire Hathaway CEO  ဖြစ်တဲ့ Warren Buffett  ဟာ နှစ် စဉ်နှစ်တိုင်းသူနဲ့အတူ နေ့လယ်စာ ထမင်းစားပွဲတစ်ကြိမ်ကျင်းပလေ့ရှိပါတယ်။ Power Lunch လို့ခေါ်တဲ့ ဒီစားပွဲသောက်ပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ စီးပွားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြ တာဖြစ်တယ်။ ငွေကြေးအများ ဆုံးပေးနိုင်တဲ့သူဟာ Buffett နဲ့ အဲဒီလို နေ့လယ်ထမင်းလက်ဆုံစားခွင့်ရမှာ ဖြစ်တယ်။ မနှစ်က တော့ အဲဒီလိုအများဆုံးပေးနိုင်တဲ့ငွေက ဒေါ်လာတစ်သန်းကျော် တယ်။ ၂၀၁၂ ခုနှစ်တုန်းက ၃.၅ သန်းနဲ့ စံချိန်ချိုးထားခဲ့တယ်။ အများဆုံးပေးနိုင်တဲ့သူသာ Buffett နဲ့ စားသောက်ခွင့် ရမှာမို့ ဒါဟာ လေလံသဘောပါပဲ။ အဲဒီ လေလံ အောင်တဲ့သူဟာ သူနဲ့အတူ အဖော်ခုနစ်ယောက်အထိ ခေါ်သွားလို့ရတယ်။ Buffett ဟာ ကမ္ဘာမှာ နာမည်အကြီးဆုံးရင်း နှီးမြှုပ်နှံကြသူတွေထဲမှာ တစ်ဦးအပါအဝင် ဖြစ်တယ်။ သူ့ရဲ့ ရှယ်ယာပိုင်ရှင်တွေ အစည်းအဝေးတွေကို နှစ် စဉ်ကျင်းပလေ့ရှိပြီး သူ့ကိုယ်သူ ကိုယ်တိုင်တွေ့  မြင်ချင် ကြသူတွေ ထောင်နဲ့ချီပြီး တက်ရောက်လေ့ရှိတယ်။ သူဟာ အလှူဒါနကုသိုလ်ဖြစ်လုပ်ငန်းတွေကို သဒ္ဓါ တရားထက်သန်စွာ ဆောင်ရွက်ခဲ့သူဖြစ်တယ်။ ၂၀၁၀ ပြည့်နှစ်ကThe Giving Pledge  ဆိုတဲ့ ပရဟိတအဖွဲ့ ကို စတင်ဖွဲ့စည်းလိုက်တုန်းက ကမ္ဘာအနှံ့က ဘီလီယံ နာသူဌေး တစ်ရာကျော် ပါဝင်လှူဒါန်းဖို့ ကတိပြု ခဲ့ကြတယ်။ ဒီသူဌေးတွေဟာ သူတို့ရဲ့ ဘဝသက်တမ်း တစ်ချိန်ချိန်မှာ အသားတင်ပိုင်ဆိုင်ထားတဲ့ ဥစ္စာဓန ရဲ့ထက်ဝက်ကို လှူဒါန်းသွားဖို့ ကတိပြုခဲ့ကြတယ်။