တရုတ်ကုမ္ပဏီ Wanxiang က အမေရိကန်မှာ Fisker ကားမော်ဒယ်အသစ်တွေ ထုတ်လုပ်ဖွယ်ရှိ

[caption id="attachment_7739" align="alignnone" width="300"]Fisker ပထမမျိုးဆက်မော်တော်ကား Karma Fisker ပထမမျိုးဆက်မော်တော်ကား Karma[/caption] မော်တော်ကားပစ္စည်းထုတ်လုပ်တဲ့  တရုတ်ကုမ္ပဏီကြီး Wanxiang ဟာ ဒေဝါလီခံသွားတဲ့ အမေရိကန်လျှပ်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဏီ Fisker  ကို ဝယ်ယူဖို့ဆန္ဒရှိနေပြီး တကယ်လို့ ဝယ်လိုအားများမယ်ဆိုရင် အမေရိကန်နိုင်ငံ၊ Delaware  ပြည်နယ်မှာ မျိုးဆက်သစ် Fisker ကားတွေကို ထုတ်လုပ်သွားမယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် Fisker  ကုမ္ပဏီဟာ ဒေဝါလီခံဖို့အတွက် နိုဝင်ဘာလမှာ လျှောက်ထားခဲ့တာဖြစ်တယ်။ Fisker  ဟာ အမေရိကန်စွမ်းအင် ဝန်ကြီးဌာနက ချေးငွေအမေရိကန်ဒေါ်လာ ၅၂၉ သန်း ရယူပြီးတဲ့အချိန်နောက်ပိုင်းမှာ လုပ်ငန်းဟာ တရိပ်ရိပ်ကျဆင်းခဲ့ပါတယ်။ Wanxiang ဟာ အခက်အခဲနဲ့ ကြုံတွေ့နေတဲ့ Fisker  ရဲ့ ပထမမျိုး ဆက်မော်တော်ကား Karma ကို ပြန်လည်ထုတ်လုပ်ဖို့သာမကဘဲ Fisker  ရဲ့ ဒုတိယမျိုးဆက် မော်တော်ကားတွေကိုပါ ဒီဇိုင်း ဖန်တီးထုတ်လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

Ref: AP