Walmart က အိန္ဒိယနိုင်ငံက Bharti နဲ့ ဖက်စပ်လုပ်ငန်းကို ရပ်စဲ

Wall Mart copy အမေရိကန် လက်လီစတိုးဆိုင်လုပ် ငန်းကြီးဖြစ်တဲ့Walmart က အိန္ဒိယ နိုင်ငံမှာ လက်လီစတိုးဆိုင်လုပ်ငန်း အတွကBharti  ကုမ္ပဏီနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး သဘော တူညီမှုကို ရပ်ဆိုင်းလိုက်တယ်လို့ အောက်တိုဘာလ ၉ ရက်နေ့မှာ ပူးတွဲကြေညာလိုက်ပါတယ်။ အိန္ဒိယ အစိုးရဟာ နိုင်ငံခြားကုမ္ပဏီတွေအပေါ် ယမန်နှစ်က လမ်းဖွင့်ပေးလိုက်ပေမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတ် မှတ်ချက်အချို့ကWalmart က လိုက်နာနိုင်ခြင်း မရှိခဲ့ပါဘူး။ အိန္ဒိယ နိုင်ငံမှာ Bharti  နဲ့ ဖက်စပ်လုပ်ငန်းကို ၂၀၀၇ ခုနှစ်က လုပ်ငန်းစတင်ခဲ့တWalmart ဟာ ခုလိုလမ်းခွဲပြီးနောကBharti ဆီက လက်ကားအရောင်း လုပ်ငန်းရဲ့ ၁၀၀ ရာခိုင်နှုန်းကို ဝယ် ယူလိုက်မှာ ဖြစ်ပါတယ်။ ''ဒီလိုသီးသန့် ဖြစ်သွားတာက နှစ်ဦးနှစ်ဖက်လုံး အတွက် အကျိုးရှိနိုင်ပါတယ်၊ လက်လီ အရောင်းအတွက် ခွင့်ပြုမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သတ်မှတ်ချက် တွေ ပေါ်ပေါက်လာဖို့ ဆက်လက် ထောက်ခံသွားပါမယ်'' လို့Walmart ရဲ့  ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Scott Price  က ပြောပါတယ်။ Ref: CAN