Virgin America လေကြောင်းရှယ်ယာဈေးကွက်စတင်

[caption id="attachment_14557" align="alignnone" width="720"]article landscape wartermark final7 Virgin Group ၏ Chairman Richard Branson[/caption] ဘီလီယံနာသူဌေး Richard Branson  ရဲ့ Virgin America  လေကြောင်း လိုင်းဟာ ပထမဦးဆုံးအကြိမ်အဖြစ် စတော့ရှယ်ယာတွေကို အများပြည်သူ တွေ ဝယ်နိုင်အောင် ဈေးကွက်တင်လိုက် ပါတယ်။ ဒီလိုလုပ် လိုက်ခြင်းအားဖြင့် အမေရိကန်ပြည်သူတွေဟာ ဝင်ရောက် ရင်းနှီးလာကြမှာဖြစ်သလို ဒီလေ ကြောင်းလိုင်းမှာလည်း ငွေပမာဏတိုး လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အရပ်ရပ်ပိုင်ဆိုင်မှုစုစုပေါင်း ဘယ်လောက်ရှိတယ်ဆိုတာကို မသိရသလို ငွေပမာဏဘယ် လောက်အထိရအောင် ရှယ်ယာတွေ ကို ရောင်းသွားမယ်ဆိုတာလည်း မသိရပါဘူး။ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်တုန်းက ဒေါ်လာ ၁၀.၁ သန်းမြတ်ခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်ကြား ၃၉၅ သန်းရှုံးခဲ့တယ်ဆိုတဲ့အချက်ကို တော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ ၂၀၁၄ ခုနှစ်၊ ပထမသုံးလပတ်ထဲမှာ နောက်ထပ်အရှုံးပေါ်ခဲ့ပြီး ၂၀၀၉ ခုနစ်နဲ့ ၂၀၁၃ ခုနှစ်ကြားမှာကတော့ ဝင်ငွေသုံးဆရှိခဲ့ပါတယ်။

          Ref: CNNMoney