Vinilla Garden Café & Restaurant

Vanilla1

မြန်မာ့ယဉ်ကျေးမှုပြဇာတ်တွေ၊ ရုပ်သေးပွဲတွေ၊ ခေတ်ဟောင်း မြန်မာ့ရုပ်ရှင်ကားတွေခံစားရင်း အစားအသောက်သုံးဆောင်လိုသူတွေအတွက် မန္တလေးမှာဖွင့်ထားတဲ့ ၊ ဥရောပနဲ့ အာရှအစားအစာတွေ ဝန်ဆောင်မှုပေးနေတဲ့ Vanilla Garden ဆိုတဲ့ စားသောက်ဆိုင်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

တည်နေရာနဲ့ ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်၊ အီးမေးလ် . . .

အမှတ် ၂၅ ၊ ၃၁ လမ်း၊ ၆၅ ၊ ၆၆ လမ်းကြား၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့မှာ ဖွင့်ထားပြီး cafevani-lla2011@gmail ၊ facebook@Vinilla Garden Restaurant ၊ ဖုန်း ၀၉-၉၁၀၄၉၀၁၀ တို့ကတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

Vanilla2

လုပ်ငန်းစတင်ဖြစ်ပုံ . . .

မန္တလေးမှာ စားသောက်ဆိုင်တွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ Fancy ကျကျ ဒီဇိုင်းဆွဲထားတဲ့ ကော်ဖီဆိုင်တွေ၊ တရုတ်စားသောက်ဆိုင်တွေပဲ များပါတယ်။ ကျွန်တော်က အဲဒီထဲမှာ ခွဲထွက်ပြီးတော့ မြန်မာ့ယဉ်ကျေးမှုကိုလည်း ဖော်ဆောင်ချင်တဲ့ ရည်ရွယ်ချက်၊ Classic ဘက်ကို သွားချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီဆိုင်ကို ဖွင့်လှစ်ဖြစ်ခဲ့တာပါ။

ကျွန်တော်တို့ဆိုင်ကို Cafe Vanilla အမည်နဲ့ လေး၊ ငါးနှစ်လောက်ဖွင့်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Garden လည်းလုပ်ချင်တာနဲ့ Vanilla Garden ဆိုပြီး Garden လေးနဲ့တွဲပြီး ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလလောက်က စဖွင့်ဖြစ်ခဲ့တာပါ။

ဆိုင်ဖွင့်ချိန်နဲ့ ပိတ်ချိန် . . .

မနက် ၉ နာရီခွဲကနေ ည ၁၀ နာရီလောက်ထိ ဖွင့်ပါတယ်။

Vanilla3

ရရှိနိုင်တဲ့ ဟင်းလျာတွေက . . .

Menu အရေအတွက်နဲ့ဆိုရင်တော့ တစ်ရာကျော်လောက် ရပါတယ်။ အဓိကကတော့ ဥရောပ၊ ထိုင်းနဲ့ တရုတ်စာတွေပါ။

ဈေးနှုန်းပိုင်း . . .

ဥရောပစာတွေကတော့ Import Quality နဲ့ လာတာတွေဆိုရင် တစ်သောင်းကျပ်ဝန်းကျင်ရှိပြီး ထိုင်းနဲ့ တရုတ်ကနေ လာတာတွေကတော့ ခြောက်ထောင်ကျပ်ဝန်းကျင်လောက်ရှိပါတယ်။ အခန်းကို သီးသန့်ငှားသုံးချင်တယ်ဆိုရင်တော့ ဝန်ဆောင်ခအနေနဲ့ တစ်နာရီကို တစ်သောင်းယူပါတယ်။ မိသားစု ပုံမှန်လာစားတာကတော့ ဝန်ဆောင်ခပေးဖို့မလိုပါဘူး။

ထူးခြားချက် . . .

ဆိုင်က Fancy ဘက်ကို မသွားဘဲ Antique ဘက်ကို သွားထားတယ်။ High Season မှာဆိုလည်း မြန်မာ့ယဉ်ကျေးမှုကို ဖော်ဆောင်တဲ့ အကတွေ၊ ရုပ်သေးပွဲတွေကို ပြုလုပ်ပေးထားတာကြောင့် ဆိုင်ကိုလာတဲ့ ပရိတ်သတ်တွေအနေနဲ့ အစားအသောက်သုံးဆောင်ရင်း ဒါကို ခံစားကြည့်ရှုနိုင်မှာပါ။ Green Season မှာဆိုရင်လည်း ရှေးဟောင်းမြန်မာကားတွေ၊ ချာလီချက်ပလင်လိုဟာ သကားတွေကို Projector ထိုးပြီးပြတာမျိုး ဝန်ဆောင်မှုပေးပါတယ်။

Vanilla4

တခြားဘယ်လိုဝန်ဆောင်မှုတွေ ပံ့ပိုးပေးထားလဲ . . .

ဆိုင်မှာ မင်္ဂလာပွဲ၊ မွေးနေ့၊ စည်းဝေးပွဲစတာတွေ လုပ်လို့ရပါတယ်။ Buffet ဝန်ဆောင်မှုကိုလည်း ပံ့ပိုးပေးထားပါတယ်။ ကိုယ့်ဟာကိုယ် သီးသန့်လွတ်လွတ်လပ်လပ် အခန်းထဲမှာ စားနိုင်အောင်လည်း အခန်းတွေဖွဲ့ပေးထားတာ ရှိပါတယ်။ ဆိုင်မှာ ဂျပန်စတိုင်လ်အခန်းနဲ့ ဥရောပစတိုင်လ်အခန်းတွေ ပြင်ထားပါတယ်။ လူသုံးဆယ်ဆံ့တဲ့ အခန်းတစ်ခန်း၊ ဆယ်ယောက်ခန်းနှစ်ခန်းနဲ့ ဂျပန်စတိုင်လ် အခန်းနှစ်ခန်းရှိပါတယ်။ Garden Size မှာဆိုရင်တော့ လူအယောက်နှစ်ရာလောက်ထိ ဝန်ဆောင်မှုပေးနိုင်တဲ့ အကျယ်အဝန်းရှိပါတယ်။ ကားအစီးရေ သုံး၊ လေးဆယ်လောက် ရပ်နားနိုင်တဲ့ နေရာလည်းရှိတဲ့အတွက် ကားပါကင်အခက်အခဲလည်း မရှိပါဘူး။

အနာဂတ်အစီအစဉ် . . .

နောက်ပိုင်းမှာတော့ Garden တစ်ခုလုံးကို အီတလီခန်းမပုံစံမျိုး ဆောက်သွားဖို့နဲ့ ဆိုင်ထဲဝင်လာရင် နိုင်ငံခြားကို ရောက်သွားတဲ့ ခံစားချက်မျိုးရအောင် လမ်းကို ဒီဇိုင်းပြင်သွားဖို့ အစီအစဉ်ရှိပါတယ်။ နောက်ပိုင်း ဆိုင်အောင်မြင်လာတဲ့အခါမှာ မြန်မာ့သမိုင်းထဲက ကောင်းတဲ့ဇာတ်လမ်းတွေကို ဖျော်ဖြေပွဲတွေအနေနဲ့ ပြန်ပြဖို့တောင် ရည်ရွယ်ထားတာတွေ ရှိပါတယ်။