ဗီယက်နမ်ဟာ FDI စံချိန်ချိုးရရှိနိုင်

int'lnews3

ဗီယက်နမ်ဟာ ၂၀၁၇ ခုနှစ်အတွင်း ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ပမာဏဟာ ဒေါ်လာ ၁၇.၅ ဘီလီယံလောက် ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။ ဒါဟာ စံချိန်တင်ပမာဏဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ၁၀.၈ ရာခိုင်နှုန်း တက်လာတာ ဖြစ်တယ်။

ပြည်ပပို့ကုန်ကို အားပြုနေရတဲ့ ဗီယက်နမ်စီးပွားရေးဟာ တိုးနှုန်းတက်လာရေးအတွက် FDI ဟာ အဓိကဝင်ငွေလမ်းကြောင်း ဖြစ်တယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝင်ခဲ့တဲ့ FDI ပမာဏဟာ ဒေါ်လာ ၁၅.၈ ဘီလီယံ ဖြစ်တယ်။