“Victory Resort Bago” စီမံကိန်းအကြောင်း သတင်းစာရှင်းလင်းပွဲပြုလုပ်

victory2 victory5   ပဲခူးတိုင်း၊ ရန်ကုန်-မန္တလေး အဝေးပြေးလမ်း၊ ၃၉ မိုင်မှာရှိတဲ့ ဆီမိုင်ကုန်း(Se Maing Kone) မှာ ဆောက်လုပ်မယ့် “Victory Resort Bago” စီမံကိန်းအကြောင်းကို ၂၀၁၅ ခုနှစ် ဇွန်လ ၁၃ ရက်က ရန်ကုန်မြို့၊ Novotel Hotel မှာ ကျင်းပခဲ့ပါတယ်။ အဲဒီစီမံကိန်းကို ၂၀၁၅ နိုဝင်ဘာလမှာ စတင်ဆောက်လုပ်မှာဖြစ်ပြီး ၂၀၁၉ မှာ ပြီးမယ်လို့ သိရပါတယ်။ အကျယ်အဝန်း ၁၀ ဧကခန့်မြေနေရာပေါ်မှာ ဆောက်လုပ်မယ့် အဆောက်အဦ Design ကို Design Lobo Co.,Ltd (Tokyo,Japan) မှ ရေးဆွဲထားပြီး အခန်းပေါင်း ၂၁၆ ခန်းပါရှိမှာပါ။ ဒီစီမံကိန်းဟာ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသား ရင်းနှီးမြှပ်နှံမှုပြုထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ ဒီစီမံကိန်း လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်နဲ့ အကျိုးကျေးဇူးကို Victory Resort Myanmar Co.,Ltd ရဲ့ Managing Director Mr.Hideki Matsushita က “မြန်မာပြည်သူများ၊ လုပ်ငန်းရှင်များ၊ အပန်းဖြေခရီးထွက်ချင်တဲ့ မိသားစုဝင်တွေအတွက် Five Star အဆင့်ရှိတဲ့ Resort ကြီးတစ်ခု ပဲခူးမှာပေါ်ထွန်းလာတော့မှာပါ။ ဂျပန်နိုင်ငံက ရင်းနှီးမြှပ်နှံမှုနဲ့ ဂျပန်နိုင်ငံက ဒီဇိုင်းပညာရှ င်တွေရဲ့ ကြိုးပမ်းမှုက ပိုပြီးကျေနပ်မှုကို ရရှိစေမှာပါ” လို့ ပြောခဲ့ပါတယ်။ [caption id="attachment_21440" align="alignnone" width="720"]ဒေါ်စန်းစန်းနွယ်(ဘဏ္ဍာရေးဝန်ကြီး) ဒေါ်စန်းစန်းနွယ်(ဘဏ္ဍာရေးဝန်ကြီး)[/caption]   victory1