Victoria ဆေးရုံက Neurology Centre မိတ်ဆက် အခမ်းအနားကျင်းပ

victoria1 victoria3 ဝိတိုရိယဆေးရုံရဲ့ Neurology Centre ဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်က ရန်ကုန်မြို့ ၊ မရမ်းကုန်းမြို့နယ် တော်ဝင်လမ်းမှာရှိတဲ့ ဝိတိုရိယဆေးရုံမှာ ကျင်းပခဲ့ပါတယ်။ Neurology Centre မှာ လေဖြတ်၊ လေငန်းရောဂါ၊ အတတ်ရောဂါ၊ အာရုံကြောဆိုင်ရာရောဂါ၊ နာကျင်ကိုက်ခဲမှုနဲ့ အိပ်မပျော်တဲ့ရောဂါ စတာတွေကို ကုသဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။ လေဖြတ်ခြင်းနဲ ပတ်သက်ပြီး Dr.Myat Thu က “လေမဖြတ်အောင် အနေအထိုင် အစားအသောက် ဆင်ခြင်ဖို့က အရေးကြီးပါတယ်။ ထိုးဆေး၊ သောက်ဆေး စတဲ့ ကာကွယ်ဆေးစစ်စစ်မရှိပါဘူး၊ သိပ်ဝနေရင် ကိုယ်အလေးချိန်လျော့ရမယ်။ အချို၊ အဆီလျော့စားရမယ်။ ဆေးလိပ်၊ အရက်ရှောင်ရပါမယ်။ ဒီကသွေးတိုးရောဂါရှင်အများစုက ဆေးတစ်ပတ်၊ တစ်လလောက်သောက်ပြီး သွေးပေါင်ချိန်မှန်သွားရင် ဆက်မသောက်တော့ဘူး၊ ဆက်မသောက်တော့ ဝုန်းကနဲ သွေးပေါင်ပြန်တက်ပြီး သွေးကြောပေါက်တာ၊ ပိတ်တာ ၊ လေဖြတ်တာဖြစ်နိုင်ပါတယ်။ သွေးချိုရောဂါရှင်များလည်း အနေအထိုင်အစားအသောက်ဆင်ခြင်ပြီး သွေးချိုမှန်မှန်ထိန်းဖို့လိုပါတယ်” လို့ပြောပါတယ်။ ဆက်လက်လုပ်ဆောင်မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး CEO Dr.Aye Aye San က “လေဖြတ်၊ လေဖြန်းခြင်းမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့ Prevention ကို Package အနေနဲ့ လုပ်ဖို့ရှိပါတယ်။ အဲဒီအတွက် Member အစီအစဉ် ဝယ်ထားရင် တစ်နှစ် နှစ်ကြိမ် ပုံမှန်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါ။ လိုအပ်တဲ့အကြံဉာဏ်ကိုလည်း ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ victoria2