Victoria Cafe and Restaurant

European အစားအသောက်နဲ့ Asian အစားအသောက်ကောင်းကောင်းကြိုက်တတ်သူတွေအတွက် ရန်ကုန်မြို့ ခြောက်မိုင်ခွဲ Market Place က Victoria Cafe & Restaurant ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဆိုင်က အစားအသောက်တွေက European-Asian Fusion Style လေးတွေလည်း ရနိုင်ပါတယ်။

victoria1

ဆိုင်ရဲ့ပြင်ဆင်မှု

------------------

ဆိုင်ရဲ့အပြင်အဆင်က စိမ်းစိမ်းစိုစို အုံ့အုံ့မှိုင်းမှိုင်းနဲ့ ရေစီးသံလေးတွေ၊ ရေကျသံတွေနဲ့ ရန်ကုန်မြို့ရဲ့ ညနေဘက်တွေမှာ လုပ်ဖော်ကိုင်ဖက်နဲ့ဘဲသွားသွား၊ ကိုယ့်မိသားစု၊ မိတ်ဆွေ၊ ချစ်သူခင်သူတွေနဲ့သွားသွား အဆင်ပြေပါတယ်။ နေ့စဉ် ညနေ ၅ နာရီကနေ ၈ နာရီဆိုရင် Cocktail Buy One Get One Free Promotion ရှိပါတယ်။

[caption id="attachment_32856" align="alignnone" width="720"]victoria3Chicken Schnizel (၆၅၀၀ ကျပ်)[/caption]

ရနိုင်တဲ့အစားအသောက်တွေ

--------------------------------

European အစားအစာဖြစ်တဲ့ Sasuage Palata ၊ ကောင်းမွန်တဲ့ Steak တွေ၊ Lump Chop တွေ၊ Asian အစားအစာမှာဆိုရင်တော့ Soup မျိုးစုံရပါတယ်။ Craft Beer နဲ့လိုက်တဲ့ Bar Food တွေမှာဆိုရင် Pork Chop နဲ့ တခြားအစားအစာတွေ ရှိပါတယ်။ Menu မှာဆိုရင်လည်း မှာလို့အဆင်ပြေအောင် Set လေးတွေနဲ့ ခွဲထားပါတယ်။ အရည်အသွေးကောင်းမွန်တဲ့ Imported Beef တွေကိုသုံးသလို Local Beef တွေကိုလည်း သုံးပါတယ်။

Recommended Menu

--------------------------

Weekly Special တွေ ရှိပါတယ်။ ဆိုင်မှာ လူကြိုက်များတဲ့ ဟင်းပွဲတွေထဲကဆိုရင် Chicken Schnizel (၆၅၀၀ ကျပ်) ၊ Pork Ribs (၇၅၀၀ ကျပ်) နဲ့ Beef Tenderlion with French Fied (၁၀၀၀၀ ကျပ်) တို့ကို လူကြိုက်များပါတယ်။

[caption id="attachment_32855" align="alignnone" width="720"]victoria2Beef Tenderlion with French Fied (၁၀၀၀၀ ကျပ်)[/caption]

Available Beverages

-------------------------

ဆိုင်မှာ ယမကာမျိုးစုံ ရနိုင်ပါတယ်။ ဥပမာ ဝိုင်ဆိုရင် အမျိုးအစားအစုံကို တစ်ခွက်ချင်းရော ပုလင်းလိုက်ပါ ရရှိနိုင်ပါတယ်။ Majito Cocktail ကို Asian Flavor နဲ့ရနိုင်ပါတယ်။ လစဉ် ဗုဒ္ဓဟူးနေ့ရဲ့ ညတိုင်းမှာ Cocktail Party တွေလုပ်ဖို့ ရှိတယ်လို့ သိရပါတယ်။ Drinks တွေကို ဆိုင်က ထူးထူးခြားခြားဖန်တီးပြီး Berbecues တွေနဲ့ ဧည့်ခံပါတယ်။ Cocktail တွေရော Mocktails တွေပါ ရနိုင်ပါတယ်။ Wine အမျိုးအစားမျိုးစုံလည်း ရပါတယ်။

ကိတ်နဲ့ တခြား Dessert Menu အမျိုးမျိုးလည်း ရနိုင်ပါတယ်။

ဆိုင်ကို ဘယ်လို Customer တွေ အလာများသလဲ

------------------------------------

ရွှေဟင်္သာကွန်ဒိုက လူတွေ၊ Lotte က လူတွေနဲ့ အနီးတဝိုက်ရပ်ကွက်က လူတွေလာတာများပါတယ်။ အသက် ၄၀၊ ၅၀ ပတ်ဝန်းကျင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ လာကြတာ များပါတယ်။ အစားအသောက်နဲ့ အရည်အသွေးကို တန်ဖိုးထားကြတဲ့သူတွေ လာကြပါတယ်။

[caption id="attachment_32857" align="alignnone" width="720"]victoria4Pork Ribs (၇၅၀၀ ကျပ်)[/caption]

ဈေးနှုန်းတွေက

------------------

ဟင်းပွဲတွေက အနည်းဆုံး ၂၅၀၀ ကျပ်ကနေ အများဆုံး ၂၅၀၀၀ ကျပ်ဝန်းကျင်လောက်အထိ ရှိပါတယ်။ ကော့တ်တေးလ်နဲ့ အဖျော်ယမကာတွေကတော့ ၄၀၀၀ ကျပ်ဝန်းကျင်လောက်ကနေ စပါတယ်။

ဆိုင်ဖွင့်ချိန်

-------------

မနက် ၈ နာရီကနေ ည၁၂ နာရီအထိ ဖွင့်ပါတယ်။

ဆိုင်တည်နေရာ

------------------

CityMart Market Place (6.5 Mile), Ground Floor, Yangon.

ဖုန်း - 09263908861, 09773029760, 09784035932

Website // http://victoriacoffeelounge.com