
အလုပ်လုပ်တဲ့အခါ Urgent နဲ့ Important ခွဲခြားပြီး Urgent ရော Important ပါ ဖြစ်တဲ့အလုပ်ကို အရင်လုပ်ဖို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ လုပ်ရမယ့်အလုပ်တွေအားလုံးက Urgent ရော Important ပါ ဖြစ်နေတဲ့အခါ ဘယ်လို Manage လုပ်သင့်ပါသလဲ။
တကယ်တော့ Urgent ဆိုတဲ့အဓိပ္ပာယ်က 'အဆော တလျင်၊ အရေးတကြီး' အဓိပ္ပာယ်ရှိနေသလို Important ဆိုတာကလည်း 'အရေးကြီးသော' ဆိုတဲ့အဓိပ္ပာယ် ရှိနေတော့ ဘာမှမကွာဘူးလို့ပဲ ဆိုပါရစေ။ ဒီတော့ ''Urgent ရော Important ပါဖြစ်တဲ့အလုပ်ကို အရင်လုပ်ဖို့ ပြောလေ့ရှိကြပါတယ်'' လို့ ပြောတဲ့မေးခွန်းရှင်ရဲ့Senior or Boss ကိုတော့ ဆရာအံ့သြပါရဲ့။ ‘‘Repeat again’’ လို့ ပြောသလိုဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် ''Urgent ရော Important ပါ ဖြစ်နေတဲ့အခါ ဘယ်လို Manage လုပ်ရမလဲ'' ဆိုတာကိုတော့ ကိုယ့်ကိုလုပ်ခိုင်းတဲ့ Decision Maker ကိုသာ မေးလိုက်ပါ။ အဲဒါ အဖြေပါပဲ။ ဆရာတော့ သူ့အဖြေကို စောင့်ကြည့်ချင်သေးရဲ့။ဦးရဲမြင့် (စွန့်ဦးတီထွင်)