News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
UPS က မြန်မာနိုင်ငံတွင် ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှု စတင်ပြုလုပ်တော့မယ့် UPS
Editorial
August 20, 2014
Local News
News
United Parcel Service Inc. (NYSE: UPS) က ပြည်တွင်းပြည်ပ၊ ပင်လယ်ရပ်ခြားကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုကို မြန်မာနိုင်ငံအတွက်လည်း စတင်လုပ်ကိုင်တော့မှာဖြစ်တယ်လို့ သြဂုတ်လ ၁၉ ရက်နေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စု အတ္တလန်တာ အခြေစိုက် UPS က ကမ္ဘာတစ်ဝန်းရှိ နိုင်ငံနှင့် ဒေသ ၂၂၀ ကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ "UPS ဟာ ဖောက်သည်တွေနဲ့ အနီးကပ် လုပ်ဆောင်နေပြီး သူတို့က မြန်မာနိုင်ငံကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဈေးကွက်တွေနဲ့ ချိတ်ဆက်ပေးမယ့် ယုံကြည်အားထားလောက်တဲ့ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုတွေ မြန်မာနိုင်ငံမှာ လိုအပ်နေကြောင်း ပြောဆိုကြပါတယ်" ဟု Mary Yeo, vice president of Supply Chain Operations, UPS South Asia District က ပြောပါတယ်။ ဒီလို ဝန်ဆောင်မှုတွေ စတင်လုပ်ကိုင်ခြင်းနဲ့ပတ်သက်လို့ "အာရှတိုက်မှာ ဈေးကွက်အသစ်တွေ ပေါ်ထွန်းလာနေသလို တဖြည်းဖြည်းချင်း ပြောင်းလဲတိုးတက်လာနေပါတယ်။ ရင့်ကျက်ပြည့်ဝတဲ့ ဈေးကွက်တွေဟာ value chain တစ်ဆင့်ပြီးတစ်ဆင့် တက်သွားပါတယ်။ UPS က မြန်မာနိုင်ငံမှာ စတင်လိုက်တဲ့ ဝန်ဆောင်မှုဟာ အာရှတိုက်မှာ ကျွန်တော်တို့ ပေးနေတဲ့ ဝန်ဆောင်မှုတွေကို ပိုမိုခိုင်မာအားကောင်းစေဖို့၊ ထွန်းသစ်စ ဈေးကွက်တွေကို ကမ္ဘာလုံး ဆိုင်ရာ supply chain ဈေးကွက်နဲ့ ပေါင်းစည်းပေးဖို့ ကျွန်တော်တို့ရဲ့ ရေရှည်ကြိုးပမ်းမှုတွေကို အလေးအနက်ပြုဖော်ပြလိုက်ခြင်းပါပဲ"ဟု Jeff McCorstin, president of Global Freight Forwarding, UPS Asia Pacific က ပြောပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း