News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
UOB မှ မြန်မာနိုင်ငံအကြီးတန်းဘဏ်လုပ်ငန်းရှင်များအတွက် ဘဏ္ဍာရေးဈေးကွက်များဆိုင်ရာဆွေးနွေးပွဲ ကျင်းပခြင်း။
Editorial
June 27, 2014
Local News
News
[caption id="attachment_12229" align="alignnone" width="720"]
စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဘဏ္ဍာရေးဆိုင်ရာဆက်ဆံမှုများပိုမိုခိုင်မာလာစေရန်ရည်ရွယ်ချက်ဖြင့် UOB ဘဏ်မှ ပြုလုပ်ခဲ့သော ဘဏ္ဍာရေးဈေးကွက်အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲကို တက်ရောက်လာကြသူများ [/caption] စင်္ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ပိုမိုတောင့်တင်းခိုင်မာသည့် ဘဏ္ဍာရေးကဏ္ဍ တည်ဆောက်သည့် အနေဖြင့် United Overseas Bank (UOB) သည် မြန်မာနိုင်ငံရှိ အကြီးတန်းဘဏ်လုပ်ငန်းရှင် ၄၅ ယောက် အတွက် မြန်မာနိုင်ငံ၏ ငွေကြေးနှင့်ဘဏ္ဍာရေးဈေးကွက် ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းများနှင့် ပတ်သက်၍ ဆွေးနွေးပွဲတစ်ရပ်ကို ဦးဆောင်ကျင်းပခဲ့ကြောင်း သိရပါသည်။ ထိုဆွေးနွေးပွဲမှာ UOB နှင့် စင်္ကာပူနိုင်ငံစီမံခန့်ခွဲမှုတက္ကသိုလ် မှ ပညာရှင်များက ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်နှင့် ခေတ်မီဘဏ်လုပ်ငန်းရှင်များ၏ အကောင်းဆုံးလုပ်ဆောင်ချက်များနှင့် ပတ်သက်၍ ၎င်းတို့၏အတွေ့အကြုံများ၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဘဏ္ဍာရေးဈေးကွက်များသည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို မည်ကဲ့သို့ ထောက်ပံ့ပေးနိုင်သည်ကို လေ့လာခဲ့သည့် ၎င်းတို့၏ လက်တွေ့လေ့လာစမ်းသပ်ချက်များကို ဆွေးနွေးပေးခဲ့ကြောင်း သိရပါသည်။ [caption id="attachment_12231" align="alignnone" width="370"]
ပထမပုဂ္ဂလိကဘဏ်၏ နာယကနှင့် မြန်မာဘဏ်လုပ်ငန်းရှင်များအသင်း၏ ဒုတိယဥက္ကဌ ဒေါက်တာစိန်မောင်[/caption] UOB အုပ်စု၏ အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာနှင့် ဦးဆောင်သူ Ian Wong က မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ ဆက်လက်ဖွံ့ဖြိုုးတိုးတက်နေစေရန် နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက်များသို့ ဝင်ရောက်နိုင်သည့် အကောင်းဆုံးနည်းလမ်းများကို သေချာစွာလေ့လာဆန်းစစ်ခြင်းသည် အရေးကြီးသည့် အဆင့်တစ်ခုဖြစ်ကြောင်း၊ ဤအချက်ကို ဖြစ်မြောက်စေရန်အတွက် UOB အနေဖြင့် အာရှနှင့် အခြားဒေသများတွင် ရရှိထားသည့် နှစ်ပေါင်းများစွာသော အတွေ့အကြုံများကို ဝေမျှပေးလိုကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံတွင် ဖြစ်လာနိုင်သည့် အလားအလာများအတွက် အမှီအခိုကင်းလွတ်သည့် ပညာရှင်များကို ခေါ်ဆောင်ပေးလိုပြီး ၎င်းတို့၏အသိဉာဏ်များကို ဝေမျှပေးစေလိုကြောင်း ပြောကြားခဲ့ပါသည်။ ဆွေးနွေးပွဲသို့တက်ရောက်လာသည့် အထူးဧည့်သည်တော်ဖြစ်သည့် ပထမပုဂ္ဂလိကဘဏ် ဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များ အသင်း၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိန်မောင် မှလည်း မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးကဏ္ဍသည် တိကျသေချာသောအရှိန်အဟုန်နှင့် ပုံမှန်ဖ့ွံဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ၊အသိပညာဝေမျှခြင်းလုပ်ဆောင်ချက်များသည် ခိုင်မာ၍ ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းကဏ္ဍအဖြစ်တိုးတက်လာစေရန် အခြေခံအုတ်မြစ်ကိုချပေးနိုင်သောကြောင့် မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအတွက် UOB မှ ကျင်းပပေးသော ကုန်သွယ်မှု ဘဏ္ဍာရေး လက်တွေ့လေ့ကျင့်မှု အခန်းကဏ္ဍများကို ကြိုဆိုကြောင်း ၊ အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးဝန်ဆောင်မှုများအတွက် လုပ်ငန်းပိုင်းဆိုင်ရာလေ့ကျင့်ခြင်းတွင် ပိုမိုလက်တွေ့ကျမှုကို ဦးတည်သည့် သင်ရိုးညွှန်းတမ်းများကိုလည်းထည့်သွင်းသင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။ UOB သည် ၁၉၉၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ကိုယ်စားလှယ်ရုံးစတင်ဖွင့်လှစ်ခဲ့သည့် ပထမဆုံး နိုင်ငံခြားဘဏ်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံဒေသတွင်းဘဏ်များနှင့် သက်ဆိုင်ရာ ဘဏ်လုပ်ငန်းချိတ်ဆက်မှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ကာလရှည်ကြာလုပ်ဆောင်ချက်တစ်ခုအနေဖြင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု၊ စွန့်စားမှုအန္တရာယ် များ လျှော့ချခြင်း နှင့် ရင်းနှီးမြှုပ်နှံမှု အဖြေရှာမှုများတွင် ဒေသတွင်း စီးပွားရေးအဖွဲ့အစည်းများ၊ စည်းကမ်းထိန်းချုပ်သူများ၊ ဘဏ်များနှင့် အတူတကွ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ [caption id="" align="alignnone" width="720"]
ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများ[/caption] [caption id="attachment_12232" align="alignnone" width="720"]
Lee Kong Chian စီးပွားရေးကျောင်း၏ ဧည့်ပါမောက္ခ Dr. Fock Siew Tond မှ ၎င်း၏ အတွေးအမြင် အတွေ့အကြုံများအား ရှင်းလင်းတင်ပြစဉ်[/caption]
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း