လာမယ့်တစ်နှ်စ်အတွင်း အာရှစီးပွားရေးလုပ်ငန်းစု ၁၀ ခုအနက် ၇ ခုက မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန် ပြင်ဆင်လျက်ရှိ

1မြန်မာနိုင်ငံတွင် United Overseas Bank က ပြုလုပ်ခဲ့သော အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့သည့် အာရှစီးပွားရေးဦးဆောင်သူများ၏  ၇၀% ကိုကောက်ယူခဲ့သော စစ်တမ်းအရ လာမည့် ၁ နှစ်အတွင်း မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်သွားရန်ပြင်ဆင်လျက်ရှိကြောင်း UOB က သတင်းထုတ်ပြန်ခဲ့ပါသည်။ စစ်တမ်းကို တစ်နှစ်လျှင်ငွေကြေးလည်ပတ်မှု ဒေါ်လာ သန်း၅၀နှင့်အထက်ရှိသော အာရှကုမ္ပဏီများမှဆုံးဖြတ်ချက်ချသူအကြီးအ ကဲများအကြား ကောက် ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။ စစ်တမ်းအရ အဆိုပါလုပ်ငန်းရှင်များအား မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားစေဖို့ အဓိကဆွဲဆောင်သည့် အချက်နှစ်ချက်မှာ တိုင်းပြည်၏ ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် လူလတ်တန်းစား (၄၆%) ကို ကုန်စည်နှင့်ဝန်ဆောင်မှုများပေးနိုင်မည့် အခွင့်အရေးနှင့် တိုင်းပြည်၏လျင်မြန်သည့်အပြောင်းအလဲများ (၄၁%) ကြောင့် ထင်ရှားသည့်စီးပွားရေးအခွင့်အလမ်းများ ရှိခြင်းတို့ဖြစ်ကြောင်းလည်း သိရပါသည်။ UOB Group ၏ အမှုဆောင် ၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှပ်နှံမှုအကြံပေးဌာန၏ အကြီးအကဲဖြစ်သူ Mr. Sam Cheong ကမြန်မာနိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများသည် တကယ့်အစစ်အမှန်များဖြစ်သကဲ့သို့ စွန့်စားမှုနှင့် စိန်ခေါ်မှုများလည်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်နှစ်က မြန်မာနိုင်ငံ၏ စီးပွားရေးနှင့်လူမှုရေးပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် မြင့်တက်လာသောကြောင့် UOB အနေဖြင့် စီးပွားရေးဈေးကွက်ချဲ့ထွင်ခြင်းဖြင့် ခိုင်မာသည့် ထောက်ပံ့မှုများ ပြုလုပ်ပေးရန် ရှာဖွေခဲ့ကြောင်းပြောကြားခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် UOB သည် မြန်မာနိုင်ငံတွင် လက်ရှိရှိနေသည့် လုပ်ငန်းအပ်သူများနှင့် အလားအလာရှိသည့် လုပ်ငန်းအပ်သူများကိုကူညီရန် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြံပေး ဌာနကို ဖွင့်လှစ်ခဲ့ကြောင်း သိရပါသည်။ UOB က  မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ထွင်ရာတွင် လုပ်ငန်းများတွေ့ကြုံရမည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ အကြံပေးကူညီလျက်ရှိပါသည်။ စစ်တမ်းကောက်ယူခြင်းခံခဲ့ရသည့် စီးပွားရေးဦးဆောင်သူများအရ မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်သည့်အခါ ကန့်သတ်ထားသည့် ဘဏ်လုပ်ငန်းဆိုင်ရာငွေကြေးလည်ပတ်မှုနှင့်ပတ်သက်သောရွေးချယ်မှုများ (၆၁%) နှင့် ဒေသတွင်း ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများ သဲကွဲပြတ်သားမှု မရှိခြင်း (၅၃%)တို့သည် အဓိက အကြောင်းအရာ နှစ်ရပ်ကြောင်းသိရပါသည်။ မြန်မာနိုင်ငံတွင် Hardware ပစ္စည်းများနှင့် လုံခြုံရေး ကိရိယာများ ဖြန့်ဖြူ းသူဖြစ်ပြီး UOB ၏ ဝန်ဆောင်မှုသုံးစွဲသူတစ်ဦးဖြစ်သူ Soon Hong Seng Private Limited ၏ Business Operations Manager Mr.Ivan Chu မှ “မြန်မာနိုင်ငံရဲ့ စီးပွားရေးက လျှင်မြန်စွာတိုးတက်လျက်ရှိပါတယ်။ အခြေခံအဆောက်အဦ ဖွံ့ဖြိုုးတိုးတက်မှုလိုအပ်ချက်ကြောင့် ကျွန်တော်တို့ Hardware ပစ္စည်းများနှင့် လုံခြုံရေး ကိရိယာ ထုတ်ကုန်များအတွက် ဈေးကွက်တစ်ခု အဆင်သင့်ရှိနေပါတယ်။ ဒါ့အပြင် ငယ်ရွယ်ပြီးတက်ကြွသန်စွမ်းတဲ့ လုပ်အားတွေနဲ့ အပြိုင်အဆိုင် ထောက်ပံ့ပေး ရတဲ့လုပ်အားခကြောင့် မြန်မာနိုင်ငံကကျွန်တော်တို့ ထုတ်လုပ်မှုလုပ်ငန်းချဲ့ထွင်ရာမှာ ဆွဲဆောင်မှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ပန်းတိုင်တစ်ခုဖြစ်လာပါတယ်။ ဒါပေမယ့်လျင်မြန်တဲ့ပြောင်းလဲမှုနဲ့အတူ ပေါ်ထွက်လာတဲ့ ဘယ်စီးပွားရေးလုပ်ငန်းမှာမဆို မြန်မာနိုင်ငံဟာ ဒေသတွင်း ဥပဒေနဲ့ရင်းနှီးမြှုပ်နှံမှုစည်းမျဉ်းစည်းကမ်းတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာပါ။ UOB ရဲ့ မြန်မာနိုင်ငံ အတွေ့အကြုံတွေနဲ့သူ့ရဲ့ခိုင်မာတဲ့ဒေ သတွင်းလုပ် ငန်းခွဲတွေက မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့စီးပွားရေးလုပ်ဆောင်ချက်တွေကို ယုံကြည်ချက်ခိုင်မာစွာနဲ့ချဲ့ထွင်သွားနိုင်ဖို့ ကူညီပေးပါတယ်” ဟု ၎င်း၏ အတွေ့အကြုံကို ပြောပြခဲ့ပါသည်။