United Amara Bank(UAB) နဲ့ Asian Development Bank(ADB) တို့ရဲ့ ADB ရဲ့ အာမခံချက်နဲ့ ပံ့ပိုးကူညီခွင့်ပြုမယ့် ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ

ယူနိုက်တက်အမရဘဏ် (UAB) နဲ့ Asian Development Bank(ADB) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုကဏ္ဍကို တစ်နှစ်မှာ အမေရိကန်ဒေါ်လာ လေးသန်းအထိ ADB ရဲ့ အာမခံချက်နဲ့ ပံ့ပိုးကူညီခွင့်ပြုမယ့် ကုန်သွယ်မှုဆိုင်ရာဘဏ္ဍာငွေကြေးသဘောတူ စာချုပ်လက်မှတ်ရေးထိုးပွဲကို ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၃ ရက်က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

UABDAB1

UABDAB2

ပွဲမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့ ဒုဥက္ကဋ္ဌ ဦးဆက်အောင်၊ ADB (Myanmar Resident Mission) ရဲ့ Country Director Mr. Winfried Wicklein ၊ ADB (Trade Finance Program) ရဲ့ Relationship Manager Ms. Janet Hyde နဲ့ UAB ရဲ့ CEO ဦးသိန်းလွင်တို့က အမှာစကားပြောကြားပေးခဲ့ကြပြီး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပြီးတဲ့နောက်မှာတော့ တက်ရောက်လာကြတဲ့ မီဒီယာတွေသိလိုတဲ့ မေးခွန်းတွေကို ဖြေကြားပေးခဲ့ကြပါတယ်။

UABDAB3

UABDAB4

ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေးသဘောတူစာချုပ်ဟာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဘဏ်ပေါင်းနှစ်ရာကျော်နဲ့ လုပ်ငန်းပူးပေါင်းဆောင်ရွက်နေတဲ့ ADB ရဲ့ ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကြေးအစီအစဉ် (Trade Finance Program(TFP)) ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သဘောတူစာချုပ်အရ UAB က ထုတ်ပေးတဲ့  ငွေလွှဲစာတမ်း (Letter of Credit(LC)) တွေအတွက် အာမခံပေးတဲ့ Trade Guarantee Facility ကို ADB က ပံ့ပိုးပေးမှာဖြစ်ပြီး UAB ဟာ ADB ရဲ့ TFP အစီအစဉ်ကို ချိတ်ဆက်ခွင့်ရတဲ့ ဒုတိယမြောက် မြန်မာပြည်တွင်းဘဏ် ဖြစ်ပါတယ်။