ပစ္စည်းကောင်းပြီး ဈေးနှုန်းချိုတဲ့ Uniqlo

[caption id="attachment_27632" align="alignnone" width="720"]uniqlo1Uniqlo ရဲ့ ပိုင်ရှင် Tadashi Yanar[/caption]

နိုင်ငံတကာ အဝတ်အထည်နဲ့ ဖက်ရှင်လောကမှာ နာမည်ကြီး ၊ ဈေးကြီးအမှတ်တံဆိပ်တွေရှိသလို နာမည်ကြီးပြီးဈေးနှုန်းချိုသာတဲ့ အမှတ်တံဆိပ်တွေလည်းရှိပါတယ်။ ဈေးနှုန်းချိုသာပေမယ့် Branding ကို သေသေချာချာလုပ်ထားတာကြောင့် ဝတ်ဆင်ရသူတွေအနေနဲ့ ဂုဏ်မငယ်ဘူးလို့ ခံစားရတဲ့ အမှတ်တံဆိပ်တွေပါ။ GAP ၊ H & M ၊ ZARA အစရှိတဲ့ အဲဒီလိုတံဆိပ်တွေနဲ့ အတူယှဉ်ပြိုင်ပြီး နေရာတစ်ခုရနေတာကတော့ ဂျပန်နိုင်ငံက အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Uniqlo ပါ။ Uniqlo ဟာ ဈေးကွက်မှာ ဒီလိုနာမည်ရလာဖို့ ဘယ်လိုဗျူဟာတွေနဲ့ ထိုးဖေါက်သလဲဆိုတာ လေ့လာကြည့်ရအောင်။

ခေါ်ရခက်တဲ့နာမည် Uniqlo . . .

Uniqlo ကို ၁၉၄၉ ခုနှစ်မှာ အမျိုးသားအဝတ်အထည်တွေ ထုတ်လုပ်တာနဲ့ အစပြုခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာတော့ ယိုကိုဟားမားမြို့မှာ အမျိုးသား၊ အမျိုးသမီးအဝတ်အထည်တွေကို Uniqlo Clothing Warehouse နာမည်နဲ့ ဆိုင်ဖွင့်ပြီး စတင်ရောင်းချခဲ့ပါတယ်။

Uniqle Clothing ဆိုတဲ့ နာမည်ရဲ့ အတိုကောက် Uni-Clo အဖြစ်နဲ့ မှတ်ပုံတင်တဲ့အခါ မှတ်ပုံတင် အရာရှိကမှားပြီး Uni-qlo လို့ရေးလိုက်မိရာက Uniqlo လို့ အမည်တွင်သွားတာပါ။ ပိုင်ရှင်ဟာ ဂျပန်လူမျိုး Tadashi Yanai ဖြစ်ပြီး ၁၉၉၁ ခုနှစ်မှာ ကုမ္ပဏီနာမည်ကို Fast Retailing ကုမ္ပဏီလို့ ပြောင်းလဲမှည့်ခေါ်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ Uniqlo ဟာ ဂျပန်နိုင်ငံတစ်ဝန်းမှာ ဆိုင်ခွဲပေါင်း တစ်ရာခန့် ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

[caption id="attachment_27633" align="alignnone" width="296"]uniqlo2တိုကျိုမြို့၊ ဂင်ဇာရပ်ကွက်ရှိ Uniqlo Showroom[/caption]

Uniqlo ရဲ့ Business Model . . .

တကယ်တော့ Uniqlo ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ GAP အဝတ်အစားထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီရဲ့  Business Model ကို ယူခဲ့တာပါ။ GAP ရဲ့ SAP (Speciality Store / Retailer of Private Apparel )  ဗျူဟာက မိမိအဝတ်အထည်တွေကို ကိုယ်တိုင်ထုတ်လုပ်ပြီး ကိုယ်ပိုင်ဆိုင်တွေမှာပဲ တင်ရောင်းတာပါ။ အခြားလက်ကား၊ လက်လီဖြန့်ချိသူတွေသုံးပြီး တခြားဆိုင်တွေမှာ ရောင်းချခြင်း မရှိပါဘူး။

Uniqlo ဟာ GAP ရဲ့ SAP ပုံစံကို ယူထားပါတယ်။ ပြီးတဲ့နောက် Uniqlo ဟာ အမေရိကန်နိုင်ငံက အမှတ်တံဆိပ်အတိုင်ပင်ခံ ကုမ္ပဏီတွေဖြစ်တဲ့ (CIA Inc / The Brand Architect Group တွေကို သူ့ရဲ့လိုဂိုဒီဇိုင်း ဆိုင်အခင်းအကျင်းဒီဇိုင်း၊ Display Design ၊ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေးဒီဇိုင်းတွေကို ဖန်တီးပေးဖို့ အပ်နှံခဲ့ပါတယ်။

ဒီဇိုင်းတွေကို Los Angeles မြို့မှာရှိတဲ့ The Brand Architect Group က Richard Seireeni နဲ့ SyChen တို့က ဖန်တီးပေးခဲ့ကြပါတယ်။

ဒါကိုကြည့်ရင် Uniqlo ဟာ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် အကုန်အကျခံရင်းနှီးပြီး စနစ်တကျ စတင်ခဲ့တာကို တွေ့ရမှာပါ။

ထုတ်လုပ်ခြင်းနှင့် ဈေးကွက်တင်ခြင်း . . .

Uniqlo ဟာ သူ့ရဲ့ထုတ်ကုန်တွေကို လုပ်အားခဈေးသက်သာတဲ့ တရုတ်ပြည်မှာသွားပြီး ထုတ်လုပ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးထိန်းချုပ်တာကိုတော့ ဂျပန်စနစ်အတိုင်း တိတိကျကျ သေသေချာချာ စစ်ဆေးထုတ်လုပ်ခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်ဝန်းကျင်မှာ ဂျပန်နိုင်ငံဟာ စီးပွားရေးကျဆင်းမှုကို အလူးအလဲ ခံစားခဲ့ရပါတယ်။ အဲဒီအချိန်မှာ ပစ္စည်းအရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းချိုသာတဲ့၊ ကြော်ငြာနဲ့ ဆိုင်အပြင်အဆင်ဒီဇိုင်းတွေကလည်း ဆွဲဆောင်မှုရှိတဲ့ Uniqlo ဟာ တစ်ရှိန်ထိုးနာမည်ရလာပါတယ်။ ၁၉၉၈ မတိုင်ခင်က Uniqlo ဟာ ဆိုင်ခွဲတွေကို ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ခဲ့ပေမယ့် မြို့ငယ်နဲ့ ဆင်ခြေဖုံးတစ်ဝိုက်မှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့ ၁၉၉၈ ခုနှစ်ရောက်တဲ့အခါ တိုကျိုရဲ့ဖက်ရှင်ကမ္ဘာဖြစ်တဲ့ Harajuka အရပ်မှာ စတိုးဆိုင်သစ်ကို ဖွင့်လှစ်ခဲ့ပြီး မြို့ကြီးနေရာကောင်းတွေမှာ ဂျပန်မှာ Uniqlo ဆိုင်ခွဲပေါင်း ငါးရာကျော်ရှိနေပါပြီ။

အဲဒီနောက်မှာတော့ Uniqlo ဟာ နိုင်ငံရပ်ခြား စတိုးဆိုင်တွေ တိုးချဲ့ဖွင့်လှစ်မှုကို အစပြုပါတယ်။

[caption id="attachment_27634" align="alignnone" width="504"]uniqlo3ရှန်ဟိုင်းမြို့က Uniqlo Showroom[/caption]

၂၀၀၂ ခုနှစ်မှာ ရှန်ဟိုင်းမြို့ဆိုင်ခွဲကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ လန်ဒန်က ဆိုင်ခွဲဟာ ထင်သလောက်အောင်မြင်မှုမရဘဲ ဂိုဒေါင်မှာ အဝတ်တွေပုံနေပါတော့တယ်။

ဒါကြောင့် Uniqlo ဟာ ဂျပန်ရှိမဂ္ဂဇင်းတွေနဲ့ ပူးပေါင်းပြီး နာမည်ကြီးမော်ဒယ်တွေ ငှားရမ်းကာ ကြော်ငြာခြင်း၊ ဖက်ရှင်အသစ်တွေကို မိတ်ဆက်ဖော်ပြခြင်းတို့ကို ပြုလုပ်ပါတယ်။ နောက်ပေါက် ဒီဇိုင်နာတွေနဲ့ပူးပေါင်းပြီး ယင်းတို့ရဲ့ဒီဇိုင်းတွေနဲ့ကို ထုတ်လုပ်ခြင်း အရောင်းမြှင့်တင်ခြင်းတို့ကို လုပ်ကိုင်ပါတယ်။

ဒီလိုနဲ့ Uniqlo ဟာ သူများနဲ့မတူကွဲပြားတဲ့ အမှတ်တံဆိပ်ဖြစ်လာပြီး အောင်မြင်မှုကို ပိုမိုရရှိလာပါတယ်။ ရောင်းအားလည်း ပြန်တက်လာပါတယ်။

၂၀၀၅ ခုနှစ်မှာ နယူးယောက်၊ ဟောင်ကောင်၊ ဆိုးလ် (တောင်ကိုရီးယား) တို့မှာ ဆိုင်ခွဲတွေ ဆက်တိုက်ဖွင့်လှစ်ပါတယ်။ ဂျပန်နိုင်ငံမှာလည်း ပိုနာမည်ရလာပြီး ဆိုင်ခွဲပေါင်း ခုနစ်ရာအထိ ရှိလာပါတယ်။

၂၀၀၆ ခုနှစ်ရဲ့ ရောင်းအားဟာ အမေရိကန်ဒေါ်လာ လေးဘီလီယံကို ရောက်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ Uniqlo ဟာ ဂျပန်ဒီဇိုင်းပညာရှင်တွေသာမက နိုင်ငံတစ်နိုင်ငံက ဒီဇိုင်းပညာရှင်ဖြစ်တဲ့ Jil Sander နဲ့ စာချုပ်ချုပ်ဆိုပြီး သူ့ရဲ့လက်ရာတွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းထိုးဖောက်လာတဲ့အခါ ကမ္ဘာ့အဆင့် ကျော်ကြားသူပညာရှင်တွေနဲ့ လုပ်ကိုင်လာရတာ ဖြစ်ပါတယ်။

Uniqlo ရဲ့ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး . . .

Uniqlo ဟာ တစ်ကမ္ဘာလုံးကို ဖြန့်ချိရောင်းချလာတာနဲ့အမျှ ကမ္ဘာ့နာမည်ကျော်တွေနဲ့ ပူးပေါင်းဆောင်ရွက်လာပါတယ်။

နာမည်ကျော် ဖက်ရှင်ဒီဇိုင်းပညာရှင်တွေဖြစ် တဲ့ Jil Sander ၊ Christophe Lemaire ၊ NIGO တို့ကိုဖိတ်ခေါ်ပြီး အထူးလက်ရာအဝတ်အစား (Special Edition Design) တွေ ထုတ်လုပ်ရောင်းချပါတယ်။

အရင်က ကမ္ဘာ့အဆင့်အားကစားပွဲတွေမှာ Adidas ၊ Nike စတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တွေက လွှမ်းမိုးခဲ့ပါတယ်။

ခုချိန်မှာတော့ ကမ္ဘာ့အားကစားပွဲတွေမှာ Uniqlo ကို မြင်တွေ့လာရပါပြီ။

uniqlo4

ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးသမား Adam Scolt ၊ ကမ္ဘာ့နံပါတ်တစ် တင်းနစ်ချန်ပီယံ Novak Djokovic တို့ကို အသုံးပြုပြီး Uniqlo က ကြော်ငြာခဲ့ပါတယ်။

ဂျပန်အိုလံပစ်အားကစားအဖွဲ့ရဲ့ ဝတ်စုံတွေကို ၁၉၉၈ ခုနှစ်၊ ၂၀၀၂ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်တို့မှာ Uniqlo က စပွန်ဆာပေးခဲ့ပါတယ်။

ဒါတွေသာမကဘဲ တခြားအရောင်းမြှင့်တင်ရေး နည်းပေါင်းစုံနဲ့ Uniqlo ဟာ ဈေးကွက်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ ပိုမိုထိုးဖောက်နိုင်ဖို့ ကြိုးစားနေတုန်းပါပဲ။

Uniqlo ရဲ့ ရည်မှန်းချက် . . .

Uniqlo ကိုပိုင်ဆိုင်တဲ့ First Retailing ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်မှာ ရောင်းအား (၆၁ ဒသမ ၂ ဘီလီယံ ဒေါ်လာ)၊ အခွန်မဆောင်မီ အသားတင်အမြတ် (၁၂ ဒသမ ၂ ဘီလီယံ ဒေါ်လာ) ရရှိဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ ဒီရည်မှန်းချက်ရဲ့ အဓိပ္ပာယ်ကတော့ First Retailing ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်မှာ ကမ္ဘာ့အကြီးဆုံးအားကစားနဲ့ ကိုယ်ပိုင်တံဆိပ် ထုတ်လုပ်သူဖြစ်ပြီး တစ်နှစ်ကို ရောင်းအား ၂၀ ရာခိုင်နှုန်း တိုးတက်ဖို့ ဦးတည်ချက်ထားတယ်ဆိုတာပဲ ဖြစ်ပါတယ်။

Uniqlo ရဲ့ ပြိုင်ဆိုင်မှုဗျူဟာများ . . .

[caption id="attachment_27636" align="alignnone" width="504"]uniqlo5အရည်အသွေးမြင့် ဈေးနှုန်းသင့်တဲ့ ကက်ရှ်မီးယားအထည်များ[/caption]

၁။ အကောင်းဆုံးကုန်ကြမ်းကို အသုံးပြုခြင်း . . .

Uniqlo ဟာ အကောင်းဆုံး အရည်အသွေးမြင့် ကုန်ကြမ်းတွေကိုအသုံးပြုပြီး အရည်အသွေးမြင့် အဝတ်အထည်တွေကို အကောင်းစားဒီဇိုင်းတွေနဲ့ ထုတ်လုပ်ကာ ဈေးချိုချိုနဲ့ ရောင်းနိုင်အောင်ကြိုးစားပါတယ်။ အကောင်းဆုံးကုန်ကြမ်းရောင်းချသူတွေကို တိုက်ရိုက်ဆက်သွယ်ပြီး အရေအတွက်များများ ဝယ်ယူတာကြောင့် ဈေးသက်သာပါတယ်။ တောင်ဆိတ်တို့ရဲ့အမွေးနဲ့ ထုတ်လုပ်ထားတဲ့ ကက်ရှမီးယားအထည်တွေဟာ အင်မတန်ဈေးကြီးပါတယ်။ Uniqlo က ပင်ရင်းရောင်းသူဆီက ကုန်ကြမ်းကို ဝယ်ယူကာ ပိုသက်သာတဲ့ဈေးနဲ့ ရောင်းချနိုင်အောင် ကြံဆောင်ခဲ့ပါတယ်။

၂။ တီထွင်ထုတ်လုပ်မှုကိုအားပေးခြင်း . . .

နည်းပညာသုံးပြီး ထုတ်လုပ်ထားတဲ့ အဝတ်အထည်တွေကို ဈေးကွက်နဲ့ မိတ်ဆက်ပေးပါတယ်။ နည်းပညာမြင့်မားမှုကြောင့် ဝတ်ဆင်သူကို ပိုအကျိုးရှိစေပါတယ်။ ဆန်းသစ်မှုကို ခံစားရတယ်။ ဈေးချိုချိုနဲ့ ဝယ်ယူရရှိနိုင်တယ်။ Uniqlo ရဲ့ Heat Tech အဝတ်အထည်တွေဟာ ချည်မျှင်နဲ့ ဓာတုနည်းပညာကို အသုံးပြုပြီး ထုတ်လုပ်ထားပါတယ်။

uniqlo6

၃။ ပြောင်းလဲနေတဲ့ ဖက်ရှင်ရေစီးကြောင်းကို အမီလိုက်ခြင်း . . .

Uniqlo ဟာ သူ့ရဲ့ဒီဇိုင်းတွေကို ပြောင်းလဲမှု မြန်ဆန်တဲ့ ကမ္ဘာ့ဖက်ရှင်ရေစီကြောင်းနဲ့ ကွာမနေအောင် အားထုတ်ပါတယ်။ အမြဲခေတ်မီနေဖို့ လျင်မြန်စွာ ပြောင်းလဲပါတယ်။

uniqlo7

၄။ အရည်အသွေးကို တင်းကျပ်စွာထိန်းချုပ်ခြင်း . . .

Uniqlo ဟာ ကုန်ပစ္စည်းအရည်အသွေးကို အမြဲတမ်းဂရုပြုနေပြီး အရည်အသွေးထိန်းသိမ်းဖို့ ကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ ခန့်ထားပါတယ်။ ဒီဝန်ထမ်းတွေက Uniqlo စက်ရုံတွေမှာ အရည်အသွေးထိန်းသိမ်းမှုကို လုပ်ကိုင်ရုံသာမက ကုန်ကြမ်းစက်ရုံတွေ၊ မိတ်ဖက်စက်ရုံတွေဆီကို အပတ်စဉ်သွားပြီးတော့ စစ်ဆေးပါတယ်။ ပြဿနာရှိရင် ချက်ချင်းဖြေရှင်းပါတယ်။

၅။ သိုလှောင်ကုန်၊ လက်ကျန်ကုန်များကို ထိန်းချုပ်ခြင်း . . .

Uniqlo ဟာ ဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ပစ္စည်းတွေကို အကောင်းဆုံးအရေအတွက်သာ ရှိနေစေပါတယ်။ ဆိုလိုတာက ရောင်းအားလိုအပ်ချက်ထက် မပိုစေသလို လိုလည်းမလိုစေရပါဘူး။ ဒီလိုထားနိုင်ဖို့ အရောင်း၊ အမှာစာနဲ့ ကုန်လက်ကျန်တို့ကို အမြဲစစ်ဆေးပါတယ်။ အမှာရှိရင်ပို့ပေးခြင်း၊ ကုန်လက်ကျန်နည်းရင် ဖြည့်ပေးခြင်းတို့ကို အမြန်ဆုံး လုပ်ဆောင်ပါတယ်။

uniqlo8

၆။ ဖြန့်ချိရေးဆိုင်တွေ၊ လမ်းကြောင်းတွေကို တိုးချဲ့ခြင်း . . .

၂၀၁၅ ခုနှစ်၊ မေလစာရင်းအရ ဂျပန်နိုင်ငံမှာ ဆိုင်ခွဲ ၈၄၆ ဆိုင်ရှိပြီး တရုတ်နိုင်ငံမှာ ၃၇၄ ဆိုင်၊ ကိုရီးယားမှာ ၁၃၃ ဆိုင်၊ အာရှမှာ ဆိုင်ပေါင်း ၈၀ ရှိပါတယ်။ တခြားနိုင်ငံတွေမှာ ဆိုင်ခွဲပေါင်း ၄၆ ဆိုင်ရှိပါတယ်။ အခုအခါ အွန်လိုင်းက ရောင်းချမှုကို တိုးချဲ့လုပ်ဆောင်နေပါတယ်။ ဖောက်သည်ဝန်ဆောင်မှုဌာနဟာ တစ်နှစ်မှာ အကြံပေးချက်ပေါင်း တစ်သိန်းကျော်လက်ခံရရှိပြီး ဒီအချက်ပေါ်မူတည်ပြီး ဖောက်သည်စိတ်ကျေနပ်မှု ပိုမိုတိုးတက်အောင် ဆောင်ရွက်နေပါတယ်။

uniqlo9

၇။ အသက်အရွယ်မျိုးစုံအတွက် စုံလင်အောင် ထုတ်လုပ်ထားခြင်း . . .

Uniqlo အဝတ်အထည်တွေကို အသက်အရွယ်မရွေး ကျား/မ မရွေး ဝတ်ဆင်နိုင်အောင် အမျိုးအစားစုံလင်စွာ ထုတ်လုပ်ထားပါတယ်။

uniqlo10

၈။ ဆန်းသစ်တဲ့စိတ်ကူးတွေကို ဈေးကွက်တင်ခြင်း . . .

UTလို့ အမည်ပေးထားတဲ့  Uniqlo T-Shirt ဒီဇိုင်းတွေကို နာမည်ကြီး အနုပညာရှင်၊ ဒီဇိုင်းပညာရှင်တွေရဲ့ လက်ရာတွေ၊ အထိမ်းအမှတ်တွေနဲ့ ထုတ်လုပ်ထားတာကြောင့် ပရိသတ်တွေအတွက် ဝယ်ယူစုဆောင်းစရာ ဖြစ်ခဲ့ပါတယ်။ Disney Collection အဖြစ် Disney ရုပ်ရှင်တွေက ဇာတ်ကောင်တွေ၊ Star Wars ရုပ်ရှင်ကားမှ ဇာတ်ကောင်တွေ၊ P.O.P Art Collection အဖြစ် နာမည်ကျော်ပန်းချီဆရာတွေဖြစ်တဲ့ Andy Warhol ၊ Keith Haring စတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေ၊ အဆိုတော်နဲ့ ဖက်ရှင်ဝိဇ္ဇာတစ်ဦးဖြစ်တဲ့ Pharrel willams ရဲ့ ဒီဇိုင်းတွေကို Uniqlo T-shirt တွေပေါ်မှာ ပုံနှိပ်ရောင်းချပါတယ်။

ဒါအပြင် Uniqlo ရဲ့ Capsule Collection တွေကလည်း  ခေတ်စားပါတယ်။ Capsule Collection ဆိုတာက အဝတ်အစားအများကြီး ဝယ်ဖို့မလိုဘဲ ကုတ်၊ ဘောင်းဘီ၊ စကတ်၊ ရှပ်၊ လက်ကိုင်အိတ် စတဲ့ တစ်ခုကောင်း ဝယ်ယူထားပြီး ရာသီအလိုက် တွဲဖက်ဝတ်တဲ့ပုံစံဖြစ်ပါတယ်။ Capsule Sign ကို ဒီဇိုင်းပညာရှင် Donna Karen က အစပြုခဲ့ပါတယ်။

ရိုးဆက်