အရှေ့တောင်အာရှဒေသတစ်ဝန်းနဲ့ မြန်မာနိုင်ငံမှာ လက်ရှိလုပ်ကိုင်ဆောင်နေတဲ့ စီမံကိန်းတွေအတွက် Unilever က Europe & Asia Commerical Company (EAC) Ltd နဲ့ ပူးတွဲလုပ်ကိုင်ဆောင်ရွက်သွားမယ်လို့ မေလ ၄ ရက်၊ ၂၀၁၇ ခုနှစ်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Unilever Myanmar နဲ့ EAC Ltd တို့က သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းတွေကိုပေါင်းပြီး Unilever EAC Myanmar Company Limited အနေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ယူရိုငွေသိန်းပေါင်း ၁၀၀၀ ကျော်ရှိတဲ့ နှစ်စဉ်ရောင်းဈေးအနေနဲ့ အိမ်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံမှာ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသွားမှာ ဖြစ်ပါတယ်။
ကုမ္ပဏီနှစ်ခုစလုံးက ဒီသင့်လျော်မှန်ကန်တဲ့ ရင်းနှီးမြှုပ်နှံမှု၊ ကျယ်ပြန့်တဲ့ ဈေးကွက်ထိုးဖောက်မှုတွေကနေရတဲ့ အကျိုးအမြတ်တွေကို ညီတူညီမျှရရှိမှာ ဖြစ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုက မြန်မာနိုင်ငံနဲ့ ပြည်သူလူထုအတွက် ကြီးပွားတိုးတက်တဲ့ အခွင့်အရေးတွေကို R&D၊ ထုတ်လုပ်မှုပိုင်းဆိုင်ရာရင်းနှီးမြှုပ်နှံမှုနဲ့ ဈေးကွက်ချဲ့ထွင်မှုတွေကနေတစ်ဆင့် ဖန်တီးပေးမှာဖြစ်ပါတယ်လို့ Unilever က ပြောပါတယ်။
EAC ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးစိန်မြင့်က ''ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပူးပေါင်းလိုက်တဲ့အခါမှာ ရရှိလာနိုင်မယ့် အကျိုးရလဒ်တွေအတွက် စိတ်လှုပ်ရှားနေကြပါတယ်။ Unilever ရဲ့ ကမ္ဘာတစ်ဝန်းဖြန့်ကျက်ထားတဲ့ R&D၊ ဈေးကွက်စီးပွားရေးချဲ့ထွင်မှုစနစ်တွေနဲ့ ကျွန်တော်တို့ရဲ့ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဖြန့်ဖြူးရောင်းချရေးကဏ္ဍကို ပူးပေါင်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တဲ့အတွက်ကြောင့် မြန်မာနိုင်ငံအတွက် ကျွန်တော်တို့ ပိုမိုလုပ်ဆောင်လာနိုင်မှာ ဖြစ်ပါတယ်'' လို့ ပြောကြားခဲ့ပါတယ်။
''အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင် အစရှိတဲ့ တခြားအရှေ့တောင်အာရှဈေးကွက်တွေမှာ ဦးဆောင်နေတဲ့ Unilever နဲ့အတူ ကျွန်တော်တို့က ဒီပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ စီမံကိန်းတစ်ခုလို့မြင်ပါတယ်။ EAC က မြန်မာမှာအောင်မြင်မှုရနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ Partnership က ကျွန်တော်တို့ရဲ့ အိမ်သုံးပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို အဆင့်မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ လူနေမှုဘဝတွေအတွက် ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေး၊ သန့်ရှင်းမှုနဲ့ အာဟာရပြည့်စုံမှုတွေနဲ့ ဖြည့်ဆည်းပေးမှာ ဖြစ်ပါတယ်။'' လို့ Unilever SEAA (South East Asia Australasia) ဥက္ကဋ္ဌ Pier Luigi Sigismondi က ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီနှစ်ခုစလုံးက သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကဏ္ဍတွေနဲ့ မြန်မာနိုင်ငံက လူနေမှုဘဝတွေကို အဆင့်မြင့်တင်ပေးဖို့အတွက် ဆုံးဖြတ်ချက်အခိုင်အမာချထားပြီး ဖြစ်ပါတယ်။
EAC က Corporate Social Responsibility Foundation Programme ကို တည်ထောင်ထားပြီး ကျေးလက်ဒေသတွေမှာ မူလတန်းကျောင်းတွေနဲ့ ရေတွင်းတွေ ဆောက်လုပ်ပေးပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကျရောက်တိုင်း အရေးပေါ်လူနာတင်ယာဉ်နဲ့ တခြားလိုအပ်တဲ့ပစ္စည်းတွေ လှူဒါန်းလေ့ရှိပါတယ်။ Unilever က စွန့်ပစ်ပစ္စည်းတွေကို စီမံခန့်ခွဲတဲ့ကဏ္ဍမှာ ဦးဆောင်နေပြီး သူရဲ့ Brands တွေဖြစ်တဲ့ Lifebuoy နဲ့ Signal ကနေတစ်ဆင့် ကလေးတွေရဲ့ သန့်ရှင်းရေးနဲ့ သွားကျန်းမာရေး ဂရုစိုက်ဖို့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။