မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းနဲ့ လူသုံးကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း Unilever တို့ဟာ အရှေ့တောင်အာရှဒေသက စားသုံးသူတွေကို ပစ်မှတ်ထားပြီး သုံးနှစ်သက်တမ်းရှိ ဒေသတွင်းဆိုင်ရာ စပွန်ဆာသဘောတူညီချက်ကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ဘောလုံးသင်တန်းကျောင်းတွေကို အရှေ့တောင် အာရှမှာတိုးချဲ့ဖို့အတွက် မန်ယူအသင်းနဲ့ Unilever တို့က စီမံကိန်းတွေကို အကောင်အထည် ဖော်ဖို့ လျာထားပါတယ်။ အခုအချိန်မှာတော့အရှေ့တောင်အာရှ ကိုးနိုင်ငံဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ ဖြန့်ချိတဲ့ Unilever ရဲ့ အလှ အပဆိုင်ရာ ထုတ်ကုန်ပစ္စည်းတွေနဲ့ အဝတ်လျော်ပစ္စည်းတွေအချို့မှာ မန်ယူအသင်းရဲ့အမှတ်တံဆိပ် ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ Ref: CNA