Unilever Food Solution ၏ ကုန်ပစ္စည်းအမှတ်တံဆိပ် မိတ်ဆက်ပွဲ

article landscape wartermark final17

 

 

 

 

 

 

 

 

 

 

 

 

 

 

မြန်မာနိုင်ငံရဲ့ အစားအသောက်ဝန်ဆောင်မှုကဏ္ဍကို နိုင်ငံတကာစံချိန်နဲ့အညီ မြင့်မားစေဖို့ နဲ့ မီးဖိုချောင်အသုံးပြုမှု့ လွယ်ကူစေဖို့ ရည်ရွယ်ပြီး Unilever Food Solution က Knorr ၊ Knorr Rostip ၊ Best Food ၊ Lipton စတဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ် မိတ်ဆက်ပွဲကို ၂၀၁၄ ခုနှစ် မေလ ၁၉ ရက်က ရန်ကုန်မြို့ Sule Shangri-la Hotel မှာ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ Unilever Food Solution ၏ Managing Director Mr Prasith Prechachalieo ကလည်း”မြန်မာနိုင်ငံဟာ ကမ္ဘာတဝှမ်းကလူတွေရဲ့ စိတ်ဝင်စားစရာ စီးပွားရေးနေရာတစ်ခု ဖြစ်လာမှာပါ။ နိုင်ငံတကာစံချိန်မီတဲ့ မြန်မာ့ အစားအသောက် ဝန်ဆောင်မှုကဏ္ဍ တိုးတက်စေဖို့ ရည်ရွယ်ကြောင်းနဲ့ Unilever Food Solution ကနေထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေဟာလည်း သန့်ရှင်းမှုနဲ့ အရည်အသွေးပြည့်မှီမှုကိုအာမခံကြောင်း” ပြောကြားခဲ့ပါတယ်။ Feel စားသောက်ဆိုင်၊ ခိုင်ခိုင်ကျော် စားသောက်ဆိုင်၊ YKKO ကြေးအိုး ၊ Parisian Bakery ၊ SP Bakery တို့အား Brand Ambassador အဖြစ် မိတ်ဆက်ပေးခဲ့ပြီး Brand Ambassador တွေက သူတို့ပြုလုပ်ထားတဲ့ စားသောက်ဖွယ်ရာတွေကို မိတ်ဆက်ကာ ရှင်းပြခဲ့ပါတယ်။ ဒီနောက်မှာတော့ ဝါရင့်စားဖိုမှုးနှစ်ယောက်က Unilever Food Solution ရဲ့ Product များနဲ့ ချက်ပြုတ်မှုကိုပြသခဲ့ပြီး  နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရပါတယ်။

Unilever Food Solution ဟာ ဒီကနေ့ ကမ္ဘာ့စားသောက်ကုန် ဝန်ဆောင်မှုလုပ်ငန်းတွေရဲ့ ထိပ်တန်းမှာရပ်တည်နေပြီး ကမ္ဘာတဝှန်းက နိုင်ငံပေါင်း ၇၄ နိုင်ငံမှာ စားသောက်ကုန်ဝန်ဆောင်မှုတွေ လုပ်ဆောင်နေပါတယ်။ ကုမ္ပဏီဟာ ၁၈၈၀ ခုနှစ်ကစတင်ပြီးတော့  စားသောက်ကုန်ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေတာဖြစ်ပြီး Knorr ၊ Knorr Rostip ၊ Best Food ၊ Lipton စတဲ့ စားသောက်ကုန်တွေရဲ့ မူလပေါက်ဖွားရာနေရာလည်း ဖြစ်ပါတယ်။ အရသာနဲ့အရည်အသွေးကို မပျက်ပြားစေဘဲ လွယ်ကူမြန်ဆန်တဲ့ အသင့်သုံး ချက်ပြုတ်ကုန်များကို ထုတ်လုပ်နေပြီး စားသောက်ဖွယ်ရာ Menu အသစ်တွေကို ပိုမိုကောင်းမွန်လာအောင် လုပ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရှိရပါတယ်။

article landscape wartermark final15 article landscape wartermark final13 article landscape wartermark final12 article landscape wartermark final11 article landscape wartermark final7 article landscape wartermark final5 article landscape wartermark final3

article landscape wartermark final2  article landscape wartermark final18