ရန်ကုန်မြို့၊ သီရိမင်္ဂလာဈေးဟောင်းရှိ UMG အင်ဂျင်နီယာအတတ်သင်ကျောင်းတွင် ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၅ရက်က မောင်မယ်သစ်လွင်ကြိုဆိုပွဲ နဲ့ ဆုချီးမြှင့်ပေးအပ်ခြင်းအခမ်းအနားကို ကျင်းပခဲ့ပါတယ်။
အခမ်းအနားကို UMG ကျောင်းရဲ့ ဒါရိုက်တာ ဦးသိန်းဌေး နဲ့ ပါမောက္ခဆရာကြီး ဒေါက်တာ ကျော်ဆန်းတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ UMG ကျောင်းဟာ လက်ရှိ College ကျောင်းအဆင့်မှ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန် ရည်ရွယ်ထားပြီး ၂၀၁၆ခုနှစ်မှာ BSC Enginnering ဘွဲ့ကို ပေးအပ်နိုင်ရန် စီ စဉ်ဆောင်ရွက်နေကြောင်း သိရပါတယ်။ အဲဒီနောက်မှာတော့ ဆုရရှိတဲ့ ကျောင်းသူ၊ ကျောင်းသားများအား ဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ ဆရာ၊ ဆရာမများနဲ့ ကျောင်းသား၊ ကျောင်းသူများအား မိတ်ဆက်ပေးခြင်း နဲ့ စင်ကာပူနိုင်ငံမှာ ကျင်းပမဲ့ ၈ ကြိမ်မြောက် Asian Science Camp 2014 တွင် တက်ရောက်ပါဝင်ရန် ရွေးချယ်ခံရတဲ့ UMG College မှ မဖြူဖြူသင်းမှ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းခြင်းတွေ ပြုလုပ်ခဲ့ပြီး UMG King နဲ့ Queen ရွေးချယ်တင်မြှောက်ခြင်း ပြုလုပ်ခဲ့ပါတယ်။ UMG ကျောင်းနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် 09250793042 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။![UMG 3](http://www.ceo-myanmar.com/wp-content/uploads/2014/11/UMG-3.png)
![UMG 4](http://www.ceo-myanmar.com/wp-content/uploads/2014/11/UMG-4.png)